"ကောင်းကျိုးပေးမည်သေချာ၏"
"လူနပ်လူလည် လူတွယ်ကျယ်တို့
ရယ်ရွှင်မြူးဆဲ ကာလထဲတွင်
ဆင်းရဲတွင်းနက် ဝမ်းရေးခက်၍
လျှာမြက်ပေါက်ချင်ပေါက်ပါစေ"
"သရုပ်သဏ္ဍာန် မဟုတ်မခံ
ဟန်ဆောင်မိတ်ကပ် မလိမ်းတတ်သူ
စင်စစ်လူကို ငြူစူမုန်းလည်းမုန်းပါစေ"
"မုသာဝါဒ လူ့ရွာဝါဒ
သုံးမှအစဉ် ပြုံးကြအမြင်
ရင်တွင်းသဘော မှန်တာပြောလို့
ရန်တကာပေါလည်း ပေါပါစေ"
"အမြဲသတိရ ဇွဲဝီရိယ
မြတ်သီလဖြင့်
ကိုယ်ကျင့်အားကိုး လူတောတိုးလျှင်
ကောင်းကျိုးပေးမည်သေချာ၏။"
မူရင်း-ရဲမြင့်နောင်
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment