Thursday, November 17, 2016

"ဘဂဝါဂုဏ်တော်"

"ဘဂဝါဂုဏ်တော်"

       "ဘဂ=ဘုန်းတော်များ။ ဝါ=ရှိသည်။ သူတစ်
ပါးထက် သာလွန်ကဲသော ဘုန်းတော်များရှိတော်
မူသော ရှင်တော်မြတ်ဘုရားဟု ဆိုလိုသည်။
ရှေးကောင်းမှုကံများကြောင့် ဖြစ်သော အကျိုး
ဂုဏ်အင်များကို ဘဂ=ဘုန်း ဟုခေါ်သည်။ ဗုဒ္ဓ
ရှင်တော်မြတ်၌ လွန်ကဲထူးခြားစွာ ဖြည့်ကျင့်
ဆည်းပူးတော်မူခဲ့သော ပါရမီစု ကောင်းမှုအစွမ်း
ကြောင့် သူတကာထက်သာလွန်သော ဘုန်း
တော်များ ရပိုင်တော်မူခဲ့သည်။ ထိုဘုန်းတော်များ
ကို ခြောက်ပါး ရှစ်ပါး စသည်ဖြင့် ခွဲခြားပြတော်မူ
သည်။"

"ဘုန်းတော်ခြောက်ပါး"

(၁) ဣဿရိယ ဘုန်းတော်
               အစိုးရခြင်း ဘုန်းတော်တည်း။ ဘုရား
ရှင်ကား စက်ဆုပ်ဖွယ်အာရုံကို စက်ဆုပ်ဖွယ်မရှိ
သည်အဖြစ်ဖြင့်၎င်း စက်ဆုပ်ဖွယ်မရှိသော အာရုံ
ကို စက်ဆုပ်ဖွယ်အဖြစ်၎င်း စက်ဆုပ်ဖွယ် မစက်
ဆုပ်ဖွယ်အာရုံတို့ကို ဥပေက္ခာပြု ရှုပွား၍၎င်း ထို
ထို ဣဋ္ဌ အနိဋ္ဌ အာရုံအမျိုးတို့ကို လိုသလိုရှုရန်
မိမိစိတ်တော်ကို အစိုးရတော်မူသည်။ ဤသို့စိတ်
တော်ကို အစိုးရခြင်းကို  ဣဿရိယ ဘုန်တော်ဟု
ဆိုအပ်၏။"

(၂)ဓမ္မဘုန်းတော်
             "လောကုတ္တရာ တရား ဓမ္မကိုဆိုသည်။
လောကုတ္တရာတရား ကိုးပါးမှာ ရှေးပါရမီစု
ကောင်းမှုတော်ကြောင့် ရလာသော အရေးကြီး
သော ဂုဏ်တော်ဖြစ်၍ ဤလောကုတ္တရာတရား
ကိုးပါးမရပဲ ဘုရားမဖြစ်။"

(၃)ယသဘုန်းတော်
            ကျော်စောခြင်းနှင့်အခြွေအရံကို ယသ
ဟု ဆို၏။ ဗုဒ္ဓရှင်တော်မြတ်၏ ကျော်စောခြင်း
ဂုဏ်သတင်းမှာ ကမ္ဘာလောကဓါတ်၌ ယနေ့တိုင်
ပဲ့တင်ခတ်လျက်ရှိနေပါသည်။ ထိုသို့ ကျော်စော
ခြင်းအဆက်မပြတ် ပဲ့တင်ခတ်လျက်ရှိခြင်းမှာ
မပျက်နိုင်အောင် ခိုင်ခံ့လှသော ဓမ္မအများ တရား
မှတ်တိုင်ကြီးကြောင့်ပင်ဖြစ်ပေသည်။"

(၄)သီရိဘုန်းတော်
             "ဘုရားရှင်ကိုယ်တော်မြတ်၏ ကျက်သ
ရေကို သီရိ ဟုဆို၏။ ဗုဒ္ဓရှင်တော်၏ ရူပကာယ
တော်မှာ သုံးဆယ့်နှစ်ပါးသာ လက္ခဏာတြော်ကီး
ရှစ်ဆယ်သော လက္ခဏာတော်ငယ်
ခြောက်သွယ်သော ရောင်ခြည်တော်တို့ဖြင့်
ကိလေသာကင်းစင် အလွန်ကြည်လင်သည်ဖြစ်
၍ အခြားသော ပုဂ္ဂိုလ်များမှာ မမှီနိုင်တမ်းဖြစ်
ကြရသည်။"

(၅)ကာမဘုန်းတော်
             "ရှင်တော်မြတ်ကား သဗ္ဗညုတအဖြစ်
ဟူသော ကိုယ်တော်မြတ်အကျိုးကိုလည်း လို
လားတော်မူခဲ့သည်။ သတ္တဝါတွေကို ကယ်တင်
ရန်ဟူသော သူတစ်ပါးအတွက်လည်း လိုလား
တော်မူခဲ့သည်။ အလိုရှိတော်မူသော သဗ္ဗညုတ
ဥာဏ်တော်ကြီးကိုလည်း ရပိုင်တော်မူ၍ သတ္တဝါ
တွေကိုလည်း ကယ်တင်တော်မူနိုင်ခဲ့၏။ အလို
တော်ရှိသော မိမိသူတစ်ပါး အကျိုးနှစ်ပါးကို
ပြီးမြောက်စေနိုင်သော ဘုန်တော်ကို ကာမ ဘုန်း
တော်ဟု ခေါ်ဆိုသည်။"

(၆)ပယတ္တဘုန်းတော်
             "အထွတ်အထိပ်သို့ရောက်တော်မူသော
ဝီရိယတော်ကို  ပယတ္တဘုန်းတော် ဟုဆိုသည်။
ဘုရားမဖြစ်မီ ဘဝပေါင်းများစွာကပင် အရှင်မြတ်
၏ ဝီရိယမှာ သာမန်ပုဂ္ဂိုလ်တို့မမှီလောက်အောင်
ပြောင်မြောက်ခဲ့သည်။ တစ်ရှိန်တည်း တိုးတက်
လာသော ထိုဝီရိယမှာ ဘုရားဖြစ်တော်မူလာ
သောအခါ အထွတ်အထိပ်သို့ ရောက်လေတော့
သည်။"

"ဘုန်းတော်ရှစ်ပါး"

(၁)အဏိမာ ဘုန်းတော်
               အဏုမြူသဖွယ် သေးငယ်ပုံဟန် ဖန်
ဆင်းနိုင်ခြင်း။

(၂)လဃိမာ ဘုန်းတော်
                  လေဝယ်လွင့်ပါး ဝါဂွမ်းလားသို့ ငှက်
များပုံသွင် ထက်ကောင်းကင်၌ ခြေလျင်လျင်လား
ကြွသွားနိုင်စွမ်းရှိတော်မူခြင်း။

(၃)ပတ္တိ ဘုန်းတော်
                   အဓိဋ္ဌာန်ဖြင့် စိတ်ကြံတိုင်းသာ လို
ရာဒေသ မှန်သမျှကို မကြာချက်ချင်း ရောက်နိုင်
စွမ်းတော်မူခြင်း။

(၄)ပါကမ္မံ ဘုန်းတော်
               ရှင်မြတ်စိတ်တွင် ဖြစ်စေချင်သည့် ပုံ
သွင်စသည် အလီလီကို လိုသလိုဖန် စီမံသမျှ
ပြီးစီးရသည့် ဘုန်းတော်။

(၅)မဟိမာ ဘုန်းတော်
               ကိုယ်တော်မြတ်ကို ကြီးလိုသမျှ ရူပပုံ
ဟန် ဖန်နိုင်စွမ်းဘိ မဟိမာ ခေါ် မြတ်ဘုန်းတော်။

(၆)ဤသိတာ ဘုန်းတော်
              နတ်လူဗြဟ္မာ သတ္တဝါကို လိုရာလိုရာ
အပါဆောင်ကြဉ်း စိုးပိုင်ခြင်းဟု နိုင်နင်းသတ္တိ
မုနိဂုဏ်အင်။

(၇)ဝသိတာ ဘုန်းတော်
               ဣဒ္ဓိဝိဓော် ဝသီဘော်၌ ပြိုင်ဖေါ်မရှိ
စွမ်းနိုင်ဘိသည့် ဝသိတာခေါ် မြတ်ဘုန်းတော်။

(၈)ယတ္ထကာမာဝသာယိတာ ဘုန်းတော်
                 ကောင်းကင်ပျံရိုး မြေလျိုးစသည်
အလီလီရှု မှုအဝဝ ပြုသမျှတွင် ပြီးစေချင်သော်
မတင်မကျ မရှိရပဲ လုံးဝမသွေ ပြီးစီးနိုင်ဘိ အ
စွမ်းရှိထ ဂုဏ်ပေါင်းခသည့် ဗုဒ္ဓဘုန်းတော်။

           ဤသို့ အရာရာမျိုး အစိုးတရ ရှစ်ဝအစုံ
ခြောက်ဖေါ်ဂုဏ်နှင့် ပြည့်စုံတော်မူသော ပြိုင်ဖက်
ရည်တူ မရှိမူ၍ လူ့ထက်လည်းမြတ် နတ်ထက်
လည်းသာ ဗြဟ္မာဦးညွတ် ထွတ်ဖျားသခင် ရှင်
တော်မြတ်ဘုရားကို ထူးမြတ်လုံးစုံ တန်ခိုးဂုဏ်
တွင် အာရုံတင်လျက် လက်ဆယ်ဖြာထိပ်မှာမိုး
ရှိခိုးပူဇော်ခြင်းသည် ဖြစ်ပါစေသတည်း။

                            
                                      #ငြိမ်းချမ်းပါစေ

No comments:

Post a Comment