"စာအုပ်ထဲမှာရှိသောပညာ သူတစ်ကာလက်ထဲ
မှာရှိသောဥစ္စာတို့ကား ပညာလည်မဟုတ် ဥစ္စာ
လည်းမမည်။"
"မည်သည့်စာပေမဆို ကျေပွန်နိုင်နင်းအောင်
လေ့လာသင်ယူသင့်သည်။ ထိုသို့မဟုတ်ပဲ တော်
သလို လျော်သလို လေ့လာထားလျှင် အကျိုးမ
သက်ရောက်တတ် ကျမ်းဂန်အဆိုမရောက်တတ်
ခြင်း လွန်သွားခြင်း စသောအကျိုးမဲ့ပင်ဖြစ်တတ်
သေး၏။"
"ပညာဆည်းပူးရာ၌ ရည်ရွယ်ချက်ကောင်းရ
သည် သူတပါးကို ဖိနှိပ်တိုက်ခိုက်ဖို့ မော်ကြွားဖို့
စသော မကောင်းသောစိတ်ထားဖြင့်သင်သော
ပညာကြောင့် ကောင်းကျိုးမရောက် ငရဲသာ
ရောက်ဖို့ရာသာတည်း။"
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment