"လောက၌ စီးပွါးရေးပညာရေးများတွင် ထိပ်တန်း
သို့ လှမ်းရောက်လိုသူများမှာ ပညာရေးဆုတ်
ယုတ်ကြောင်း စီးပွါးဥစ္စာပျက်ပြားကြောင်း
အပျော်အပါး စသည်မလိုက်စားပဲ ကောင်းစွာ
သင်အံ ရှာဖွေလျက်အဖန်ဖန် ကြိုးစားရာ၏။"
"ထို့အတူ လောက၌ မင်းအဖြစ် အထွဋ်အထိပ်သို့
ရောက်လိုသော အကြင်သူသည် မိဖက် ဘဖက်
နှစ်ဖက်ဆွေမျိုး ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်
တိုင်အောင် စင်ကြယ်သန့်ရှင်းသော အမျိုးဇာတ်
ရှိရခြင်း အဆင်းလှခြင်း မယ်တော်ခမည်းတော်တို့
၏ ချစ်မြတ်နိုးခြင်း ခံရခြင်း နိဂုံး ဇနပုဒ် ဆင်းရဲ
သား တို့၏ ချစ်မြတ်ခြင်းကိုခံရခြင်း မင်းတို့ တတ်
သင့်တတ်ထိုက်သော အတတ်မျိုးတို့ကို အပြည့်
အစုံတတ်မြောက်ခြင်း ဤအင်္ဂါငါးပါးနှင့်ပြည့်စုံ
သော မင်း၏ သားကြီးသည် မင်းအဖြစ်သို့ရနိုင်
သည်၏။"(ပဉ္စင်္ဂုတ္တရ)
"ဤသို့အားဖြင့် အာသဝကုန်ခန်းခြင်းကိုအလိုရှိ
သော အကြင်သူသည် ဘုရားရှင်၏ မဂ်ဥာဏ်ကို
ယုံကြည်သော သဒ္ဓါရှိခြင်း အနာရောဂါကင်း၍ မနုံ့ မထက် အညီအမျှ ကြေကျက်စေနိုင်သော
ပါစကမီးရှိခြင်း ကောက်ကျစ်စဉ်းလဲ လှည့်ဖြား
ခြင်းမရှိ မိမိအဖြစ်မှန်ကို ဖေါ်ပြတတ်ခြင်း
ကုသိုလ်တို့၌ တာဝန်မလျော့မပေါ့ ပြင်းထန်သော
လုံ့လရှိခြင်း သစ္စာလေးပါးကို ထွင်းဖေါက် နိဗ္ဗာန်
ထိ ရောက်နိုင်သော အဖြစ်အပျက်ကို မြင်သော
ပညာဖြင့်ပြည့်စုံခြင်း ဤတရားငါးပါးနှင့်ပြည့်စုံ
သော သူသည် အာသဝကုန်ခြင်းကို လိုလား
တောင့်တပြီး အားသစ်လျက်ကြိုးစားအားထုတ်
သော် အာသဝကုန်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြု
နိုင်၏။"
No comments:
Post a Comment