Thursday, November 17, 2016

စိတ်ကိုပြင်နိုင်သူ

"လောက၌ စိတ်ကိုပြင်နိုင်သူသာ အောင်မြင်နိုင်
သူတည်း။ အကြောင်းမူကား မကောင်းမှု၌ ကျင်
လည်ကျက်စား ပျော်ပါးတတ်သော ထိုစိတ်ကို
ပြုပြင်ထိန်းကျောင်းနိုင်သူဖြစ်၍တည်း။"

"လုံ့လဝီရိယစိုက်ထုတ်ခြင်း စိတ်ရှည်ဇွဲသန်
သည်းခံခြင်း အသိဥာဏ် စူးစိုက်ခြင်း မိမိအလုပ်
တကယ်အဟုတ်ဖြစ်ရမည်ဟု ယုံကြည်ချက်
ထားခြင်း မှန်မမှန် သတိတရားထား၍ အကျိုးအ
ကြောင်းဆင်ခြင်မြှော်မြင်၍ လုပ်သင့်လုပ်ထိုက်
သောအလုပ်ကို လုပ်ခြင်း သမာအာဇီဝအလုပ်
၌ သေးသိမ်သည်ဖြစ်စေ ရှက်ကြောက်မှုမရှိခြင်း
စိတ်ဓါတ်ကြံ့ခိုင်၍ ဖြောင့်မတ်တည်ကြည်ခြင်း
တစ်ပါးသူတို့ စည်းစိမ် ပညာ၌ မနာလိုဝန်တိုမှု
မရှိခြင်း မိမိလက်အောက်ငယ်သားများအပေါ်
ကိုယ်ချင်းစာလျက် သနားညှာတာခြင်း အခါအား
လျော်စွာ ဒါန သီလ ဘာဝနာမှုပြုခြင်း စသော
အချက်များဖြင့် ကျင့်ကြံနေထိုင်သူကား ခုဘဝ
တမလွန်ဘဝ အောင်မြင်မှုရရှိကြမည်မှာ မလွဲ
ဧကန်တည်း။"

                           #ငြိမ်းချမ်းပါစေ

No comments:

Post a Comment