Thursday, November 17, 2016

"သတ္တာဒေဝမနုဿာနံ"

"သတ္တာဒေဝမနုဿာနံ"

    "ဒေဝမနုဿာနံ=နတ်လူတို့၏။သတ္တာ=ဆရာ။
အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်အရ
သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်
သောကြောင့်ပင် ဤ သတ္တာဒေဝမနုသာနံ=နတ်
လူတို့ဆရာဟူသော ဂုဏ်တော်ကြီးကိုရတော်မူ
၏။ သတ္တ=အနက်အရလည်း အကြီးအမှုးခေါင်း
ဆောင်ကို ဆို၏။"

       "ဘုရားရှင်၏ အဆုံးအမကိုခံရ၍ ယဉ်ကျေး
လာသော နတ်ဗြဟ္မာတို့က လောကသုံးပါးတွင်
အတုမရှိသော ဆရာမြတ်တစ်ဆူအဖြစ် မြတ်နိုး
ဂုဏ်ပြု အသိအမှတ်ပြုရာမှ ဤဂုဏ်တော်ကြီးမှာ
ကမ္ဘ္ဘာလောကတွင် ပဲ့တင်ခတ်ကျော်စောလာခြင်း
ဖြစ်၏။"

         "လောကဆရာတို့ထံမှ ရသောပညာများမှာ
တစ်ဘဝစာ အတွက်သာ။ သံသရာဝဋ်မှ လွတ်
စေနိုင်သည်လည်းမဟုတ်။ ဘုရားရှင်ပေးသော
ပညာမှာ သံသရာ ဒုက္ခတွေသိမ်းဖို့ အငြိမ်းဓါတ်
သုခကို ရကြောင်း သိကြောင်းပညာဖြစ်ရာ ဘဝ
များစွာက တခါမျှ မကြုံခဲ့ဘူးသော ထိုအငြိမ်း
ဓါတ်ကို တွေ့ရသောအခါ ဘယ်ဆရာအပေါ်မှ
မဖြစ်စဖူး ထူးကဲသော မြတ်နိုးမှုမျိုးဖြင့် ဆရာအ
စစ်အဖြစ် မြတ်နိုးကြရသည်။"

            "လောက၌ မိမိတင်သောဆရာ တော်သ
လို လျော်သလိုဖြစ်ခဲ့လျှင် ငါ့ဆရာပဲဟု ညွန်ပြ
ရန် ဝန်လေးတတ်ကြ၏။ ဆရာက အသင်အပြ
ကောင်း၍ အကျင့်ကောင်း ဂုဏ်ကောင်းရှိလျှင်
မိမိဆရာအဖြစ် ရဲဝံ့စွာ တင်ပြနိုင်ကြ၏။"

         "ဘုရားရှင်ကား အတုမရှိသော နည်းညွန်
လမ်းပြဖြစ်သည့်အပြင် သူမတူသော အကျင့်များ
ဂုဏ်များဖြင့် ထင်ရှားခဲ့ပြန်ရာ ထိုခေတ်တပည့်
သာဝကများမှာ မိမိတို့ဆရာမြတ်အဖြစ် ဂုဏ်တင်
နိုင်ခဲ့ကြသည်။"

          "ဘာ့ကြောင့်နည်း လောက၏ ဆရာဖြစ်
တော်မူသော ဘုရားမြတ်ကား သတ္တဝါတို့၏ ဆင်း
ရဲခြင်းကြောင်း ဆင်းရဲရပုံ အစုံစုံကို ဥာဏ်ဝင်စား
ဆင်ခြင်သော မဟာကရုဏာ သမာပတ်ကို
အထပ်ထပ် အခါခါ ဝင်စားသနားတော်မူလျက်ရှိ
ရာ ဘယ်ဆရာ မိဘမှ မထားနိုင်သော မေတ္တာ
ကရုဏာပင်ဖြစ်တော့၏။ ထို့ကြောင့်ပင် ဤ
သတ္တာဒေဝမနုသာန ဂုဏ်တော်သခင်ရှင်တော်
ဘုရားကား လောကသုံးပါး၌ နတ်လူတို့၏ ဆရာ
အဖြစ် အတုမရှိ တင့်တယ်ကျော်ကြားပါပေသ
တည်း။"
                (အကျဉ်းမျှသာ)

                   #ငြိမ်းချမ်းပါစေ

No comments:

Post a Comment