Thursday, November 17, 2016

စိတ်ထားမြင့်မြတ်သူ

""စိတ်ထားမြင့်မြတ်သူ""

"စိတ်ထားသေးသိမ်ညံ့ဖျင်းသူများကား မိမိက
ဆရာဖြစ်နေလျှင် မိမိထက်သာသူကို ဆရာမတင်
လိုကြ။ တပည့်ဖြစ်လျှင်လည်း မိမိဆရာမှ မိမိဆ
ရာဟု စွဲမြဲတတ်၏။
"မိမိအယူမှ အယူကောင်းအယူမှန်ဟု စွဲမြဲကာ
မစွန့်လွှတ်လိုကြ။"

"စိတ်နေစိတ်ထား မြင့်မြတ်သူများကား ဆရာစွဲ
ပုဂ္ဂိုလ်စွဲမထား အကောင်းတရားကိုသာ ရှာတတ်
၏။"

"ဤအရာ၌ အရှင်သာရိပုတ္တရာအလောင်းသည်
သိဉ္စည်း၏ လက်ရုံးတပည့်ကြီးအဖြစ်သို့ ရောက်
နေသော်လည်း သိဉ္စည်းကဲ့သို့ ကျေနပ်မနေပဲ
မိမိအယူအဆ၌ အနှစ်သာရမရှိသေးသည်ကို
သိရလျှင်ပင် အကောင်းတရားကိုရှာခဲ့၏။ အရှင်
အဿဇိထေရ်အား တွေ့ရသောအခါ ဤပုဂ္ဂိုလ်
ကား အခြားဂိုဏ်းကပဲဟု သဘောမထား ပုဂ္ဂိုလ်
၏ ထူးခြားသော ငြိမ်သက်အေးချမ်းခြင်းကိုမြင်ရ
၍ တရားထူးသိလိမ့်မည်ဟု ခန့်မှန်းမိသောအခါ
ချဉ်းကပ်မေးမြန်းစုံစမ်းတော့သည်။ ဤသို့ဖြင့်
တရားထူးရကာ ဘုရားရှင်ထံရောက်လာရတော့
သည်။"

"သိဉ္စည်းဆရာကြီးကို မိမိနှင့်အတူ ဘုရားမြတ်ထံ
လိုက်ပါရန်ခေါ်သောအခါ မိမိမှာ ဆရာကြီးဖြစ်နေ
ပြီးမှ တပည့်ပြန်မလုပ်နိုင်ဟု ငြင်းဆန်ကာ တရား
ထူးနှင့်လွဲခဲ့ရသည်။ ဤအရာ၌ စိတ်ထားမြင့်မြတ်
သူနှင် စိတ်ထားညံ့ဖျင်းသူတို့ကွဲပြားခြားနားပုံသာ
တည်း။"

                            

No comments:

Post a Comment