"အနုတ္တရောပုရိသဒမ္မသာရထိ"
"အနုတ္တရ=သာလွန်သူမရှိသောပုဂ္ဂိုလ်။ဘု
ရားရှင်ကား လုမ္ဗိနီအင်ကြင်းဥယျာဉ်တွင် မယ်
တော်ဝမ်းတိုက်မှ ဖွါးမြင်တော်မူချင်း မြောက်ဖက်
သို့ မျက်နှာမူကာ ခုနှစ်ဖဝါးလှမ်း ကြွသွားတော်မူ
လျက် လောကကိုကြည့်ရာ မိမိထက်သာသောသူ
မတွေ့ရ၍ "အဂ္ဂေါဟမသ္မိံလောကဿ=ငါကား
တလောကလုံးထက် အမြတ်ဆုံးဖြစ်သည်။"
"သေဋ္ဌောဟမသ္မိံလောကဿ=ငါကား တလော
ကလုံးထက် ထူးခြာသာလွန်သူဖြစ်သည်။"
"ဇေဋ္ဌောဟမသ္မိံလောကဿ'=ငါကား တလော
ကလုံးထက် အကြီးဆုံးထြစ်သည်။" ဟု စကားသုံး
ခွန်းကို ရဲရဲတောက် ကြုံးဝါးတော်မူခဲ့သည်။"
"ထိုစဉ်အခါ နတ်ဗြဟ္မာများက အလောင်း
တော်မြတ်အား အမြတ်ဆုံးအဖြစ် ဝန်ခံခဲ့ရာ လူ
အများလည်း တအံ့တသြ ပြောမဆုံးဖြစ်ခဲ့ကြရ
သည်။ ထိုသို့ဘုရားမဖြစ်မီကပင် သူမတူသော
အံ့ဖွယ်ယောကျာ်းမြတ်ဖြစ်ခဲ့သော ရှင်တော်မြတ်
ကား ဘုရားအဖြစ်သို့ ရောက်တော်မူလာသောအ
ခါ ဆိုဖွယ်ရာမရှိ အံ့သြဖွယ်အတိချည်းသာဖြစ်ခဲ့
ရသည်။"
"ပုရိသဒမ္မ=ဆုံးမထိုက်သော သတ္တဝါတို့
ကို။ သာရထိ=ဆုံးမတော်မူတတ်၏။ ဤ၌ဂုဏ်
တော် ဆယ်ပါးအဖြစ် အနုတ္တရကို သီးခြားယူရ
မည်သာ။ ဂုဏ်တော် ကိုးပါးအရဆိုလျှင်
အနုတ္တရော ပုရိသဒမ္မသာရထိ ဟု နှစ်ပုဒ်တွဲကာ
ယူရမည်သာ။ သတ္တဝါတို့ကို ယဉ်ကျေးအောင်
ဆုံးမရာ၌ အတုမရှိသော အသာဆုံးဖြစ်သည်ကို
ဆိုလိုသည်။"
"လောကဝိဒူဂုဏ်တော်အရ လောက
ကိုသိခြင်းမှာ ဤ အနုတ္တရောပုရိသဒမ္မသာရထိ
ဂုဏ်တော်ကြီးကို ရခြင်း၏ အကြောင်းပင်တည်း။
အထူးသဖြင့် သတ္တဝါတို့၏ အတွင်းဓါတ်ခံ အမျိုး
မျိုးကို အသေအချာသိမြင်ခြင်းမှာ သတ္တဝါတို့ကို
ယဉ်ကျေးအောင် ဆုံးမနည်းပေးရာ၌ အလွန်ထိ
ရောက်လှပေသည်။"
"ကိလေသာတို့ကား တကယ့်အနာ
ရောဂါများတည်း။ ဆိုးဝါးသော ကာယကံ ဝစီကံ
မနောကံမှုများမှာ ထိုကိလေသာအနာရောဂါရှိ၍
ဖြစ်သော ဖေါက်ပြန်မှုများပင်တည်း။သာဝကတို့
ဆုံးမ၍ ခရီးမရောက်သူကား ဘုရားမြတ်ထံ
ရောက်လာသောအခါ ခရီးရောက်၍ အပြီးတိုင်
ယဉ်ကျေးသူဖြစ်တော့သည်။"
"ထို့ကြောင့် အနုတ္တရောပုရိသဒမ္မသာ
ရထိ=သတ္တဝါတို့ကို ယဉ်ကျေးအောင်ဆုံးမရာ၌
အတုမရှိ စွမ်းတော်မူသော ဘုရားမြတ်ပါပေဟု
တလောကလုံးက အံ့ချီးဂုဏ်တင် ဦးထိပ်ရွက်ပန်
ဆင်ခဲ့ရပေသည်။"
(အကျဉ်းမျှသာ)
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment