Thursday, November 17, 2016

"facebook ပေါ်မှ ရသော အတွေ့အကြုံများ"

"facebook ပေါ်မှ ရသော အတွေ့အကြုံများ"

            မြတ်ဗုဒ္ဓဟောကြား ဓမ္မဆိုင်ရာစာပေ
များရေးသားသောအခါ…………
အချို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်လျက်…………

(၁)ခနိုးခနဲ့ comment ပေးခြင်း။
(၂)ဘုရားအဟောကိုပင် စောဒကတက်လိုကြ
      ခြင်း။
(၃)မိမိအယူအဆ အစွဲကိုလက်ကိုင်ထားလျက်
      ငြင်းခုန်ကြခြင်း။
(၄)ဆရာကြီး လူတတ်ကြီးလုပ်လိုခြင်း။
(၅)မိမိစွဲကိုင်သောအယူဝါဒကို တရားသေထား
      လျက် ဖိနှိပ် ရှုံ့ချလိုခြင်း။
(၆)မိမိနှင့်အမြင်ချင်း မတူသောအခါ ကပ်သပ်၍
      ပြောတတ်ခြင်း ကဲ့ရဲ့စကားဆိုခြင်း။
(၇)ပုဂ္ဂိုလ်စွဲ ဝါဒစွဲ ဂိုဏ်းဂဏစွဲ များခြင်း။
(၈)တစ်လောကလုံး အကျိုးအတွက် ဘုရားရှင်
      ဟောကြားတော်မူသော တရားဒေသနာ
      တော်များကို မိမိရေးသဖြင့် မိမိပိုင်သည်ဟု
      သီချင်း ရုပ်ရှင် ဗွီဒီယိုလုပ်ငန်းများကဲ့သို့ မူပိုင်
      လုပ်လိုကြခြင်း။
(၉)ဘုရားဟော ကျမ်းစာများကိုပြည့်စုံလုံလောက်
      စွာ မလေ့လာ မဆည်းပူးပဲ အလျှင်စလို
       ဝေဖန်တတ်ခြင်း။
(၁၀)အချို့သောအမေးပုစ္ဆာများဖြင့် ဝါဒဆိုင်ရာ
        ပြသနာရှာ၍ နှိပ်ကွပ်လိုခြင်း။
(၁၁)အဖြေကို သိလျက်နှင့်တမင်မေးကာ ပညာ
      စမ်းသလိုနှင့် တစ်ဖက်မှဖြေဆိုမနိုင်သည့်
       အခြေအနေကို စောင့်ကာ အဖြေကိုပြလျက်
       နှိပ်ကွပ်လိုခြင်း။
(၁၂)အာနာပါန သတိပဋ္ဌာန်ကိုပင် ရှုံ့ချလို
        ကြခြင်း။
(၁၃)စရဏ အလုပ်ကိုပင် အပြစ်တင်လိုကြခြင်း။
          
မှတ်ချက်-
          ဒါန သီလ ဘာဝနာ အခြေခံ စရဏအလုပ်
ကို များများအပြစ်တင်ရှုံ့ချကြပါက ကျောင်း
ရိပ်သာများတွင် နောင်အခါ ပစ္စည်းလေးပါး
ထောက်ပံ့လှုဒါန်းမည့်သူများရှားပါလာလျက်
သာသနာလည်း အားနည်းလိမ့်မည်။

(၁၅)မိမိသိသော ဥာဏ်အတိုင်းအတာကလေးမျှ
        ဖြင့် တစ်ပါးသူ၏ အသိဥာဏ်ပညာကိုဝေ
        ဖန်ပိုင်းခြားလိုခြင်း ယှဉ်ပြိုင်လိုခြင်း။
(၁၆)သိမြင်နားလည်သော တရားအရာပညာအ
         ရာတို့၌ မနာလိုဝန်တိုခြင်း။မစ္ဆရိယများခြင်း။
(၁၇)ဘုရားဟောတရားတော်ကိုပင် မိမိတရားဟု
         လုပ်ဇာတ်ခင်း ပြောဟောလိုခြင်း။(ကိုယ်
         တွေ့တရားကို မဆိုလို)
(၁၈)အချို့ မိမိကိုယ်မိမိ(သုတဗုဒ္ဓ)ဟူသော ပါဠိ
        တော်စာပေ အကိုးအကားအရ ဘဝင်မြင့်
         ပညာမာန်တက်ခြင်း ငါသိ ငါတတ်
         လုပ်ခြင်း။

                  စသောအချက်များသည်ကား ဗုဒ္ဓ
ဘာသာနိုင်ငံများသို့ တစိမ့်စိမ့်ဝင်ရောက်လာနေ
သော ဘာသာခြားတို့အတွက် အားရကျေနပ်ဖွယ်
ရာ မဟာအခွင့်အရေးကြီးတစ်ရပ်ဖြစ်ကြောင်း
သတိပြုသင့်သည်။ ဗုဒ္ဓဘာသာဝင်များ စည်းလုံး
ညီညွတ်မှု ပြိုကွဲလေလေ ဘာသာခြားတို့ အယူ
ဝါဒများ အသိဥာဏ်အားနည်းနေသေးသော လူ
ငယ်များ၏ အသိစိတ်များအတွင်း ဝင်ရောက်ကိန်း
အောင်းလာမည်ကို စိုးရိမ်မိပါသည်။

"ထို့ကြောင့် ခေတ်လူငယ်လူရွယ်များ ဘာသာ
ရေးစိတ်ဓါတ်မပျက်စီးစေရန် သိ တတ် နားလည်
သောပုဂ္ဂိုလ်များမှ ပြုပြင်တည့်မတ်ပေးရန်ဖြစ်
သည်။"

                 ဤစာဖြင့် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာ
သာနိုင်ငံများ တစ်သားတည်းဖြစ်လျက် ညီညွတ်
ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းပါ၏။

                    ယနေ့ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ
နိုင်ငံများမှာ အနည်းငယ်သာကျန်ရှိတော့သည်
ကို သတိပြုကြစေလိုပါသည်။ တစ်ချိန်က ဗုဒ္ဓ
သာသနာထွန်းကားခဲ့သော တိုင်းပြည်များမှာ
လည်း စေတီဟောင်း ပုထိုးဟောင်းများသာကျန်
ရှိလျက် ဗုဒ္ဓသာသနာလည်း ကွယ်ပျောက်ခဲ့ပြီ
ဖြစ်သည်။

                 သို့ဖြစ်ပါ၍ အနာဂါတ်သာသနာတော်
အတွက် ဝိုင်းဝန်းညီညာလျက် စောင့်ရှောက်
တော်မူနိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါ
သတည်း။

                                  ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု
                                      #ငြိမ်းချမ်းပါစေ

No comments:

Post a Comment