"ပုဗ္ဗဏှသုတ် မြန်မာစကားပြေ"
"နမောတဿ ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ"
(၁)မကောင်းသောနိမိတ် အမင်္ဂလာ နှစ်
သက်ဖွယ်မရှိသော ငှက်ဆိုးအသံ ပါပဂြိုဟ် နှစ်
လိုဖွယ်မရှိသော အိမ်မက်ဆိုးအမျိုးမျိုးတို့သည်
ဘုရားမြတ် တရားမြတ် သံဃာတော်အရှင်သူ
မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်
ကြောင့် ကင်းပျောက်ပါစေသတည်း။
(၂)ဆင်းရဲဒုက္ခကြုံတွေ့နေရသော သတ္တ
ဝါမှန်သမျှ ဆင်းရဲဒုက္ခ ကင်းကြပါစေ ဘေးအန္တ
ရာယ်ဆိုက်ရောက်နေကြရသော သတ္တဝါမှန်သမျှ
ဘေးအန္တရာယ်ကင်းကြပါစေ။စိတ်သောက
ရောက်လျက်ရှိကြရသော သတ္တဝါမှန်သမျှ စိတ်
သောက ကင်းကြပါစေ။
(၃)ဤမျှအတိုင်းအရှည်ရှိသော စကားစဉ်
ဖြင့် ငါတို့ကောင်းစွာ ဆည်းပူးအပ်သော ကောင်း
မှု၏ ပြည့်စုံခြင်းကို အလုံးစုံသော သိဒ္ဓိရှင် နတ်
ဗြဟ္မာအပေါင်း သူတော်ကောင်းတို့သည် စည်း
စိမ်ချမ်းသာ အကုန်ပြည့်စုံဖို့ရာ သာဓုအနုမောဒ
နာ ပြုတော်မူကြပါကုန်လော့။
(၄) ရတနာသုံးတန် ကံ ကံ၏အကျိုးကို
ယုံကြည်ကြကုန်၍ အလှုဒါနကို ပေးလှုကြပါ
ကုန်လော့။ အခါမလပ် သီလကို စောင့်ရှောက်
ကြကုန်လော့ သမထ ဝိပဿနာ ဘာဝနာ၌
ပျော်ပိုက်ကြပါကုန်လော့။ တရားနာလာရောက်
ကြကုန်သော နတ် ဗြဟ္မာအပေါင်း သူတော်
ကောင်းတို့သည် နေရင်းဋ္ဌာန ပြန်ကြပါကုန်လော့။
(၅)ကိုယ်တော်အား ဥာဏ်တော်အားကို
ရပိုင်တော်မူကြကုန်သော ဘုရားရှင်နှင့် ပစ္စေက
ဗုဒ္ဓါတို့၏ အစွမ်းအာနုဘော်ဖြင့်၎င်း ရဟန္တာအရှင်
မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်
ကြောင့်၎င်း အခါခပ်သိမ်း အကာအကွယ်အ
စောင့်အရှောက်ကို ဖြစ်ပါစေသတည်း။
(၆)လူ့ပြည် နဂါး ဂဠုန်စသောပြည် နတ်
ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှကောင်းမြတ်သော
ရတနာတို့တွင် ဘုရား တရား သံဃာနှင့်တူသော
ရတနာသည် မရှိနိုင် ဤမှန်ကန်သောသစ္စာ
စကားကြောင့် သတ္တဝါတွေ ချမ်းသာပါစေ
သတည်း။
(၇)မင်္ဂလာအပေါင်း အကောင်းမှန်သမျှ
သည် ဖြစ်ပါစေသတည်း အလုံးစုံသော သမ္မာဒေ
ဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည်
စောင့်ရှောက်နိစ္စ မတော်မူကြပါစေကုန်
သတည်း။ အလုံးစုံသော ဘုရားမြတ် တရားမြတ်
သံဃာတော်အရှင်သူမြတ်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် ထိုသတ္တဝါအပေါင်းတို့
သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ
ခြင်း ရှိကြကုန်သည် ဖြစ်ကြပါစေကုန်သတည်း။
(၈)မဟာကရုဏာရှင်မြတ်စွာဘုရား
သည် သတ္တဝါအလုံးစုံတို့၏ အကျိုးအစီးပွါးအ
တွက် ပါရမီတော် အလုံးစုံ အကုန်ဖြည့်ကျင့်တော်
မူပြီးလျှင် အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်
တော်ကို ရတော်မူခဲ့သည် ဤသစ္စာစကားကြောင့်
သင့်အား အခါခပ်သိမ်းချမ်းသာခြင်းသည်ဖြစ်ပါ
စေ။
(၉)သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို
တိုးပွါးစေတတ်သော ရှင်တော်မြတ်ဘုရားသည်
ဗောဓိပင် အပရာဇိတပလ္လင်၌ မာရ်ငါးပါးကို
အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင်သည်
လည်း ဘေးရန်ခပ်သိမ်းကို အောင်မြင်ပါစေ
အောင်ခြင်း မင်္ဂလာကို သင်ပြီးမြောက်အောင်မြင်
ပါစေ။
(၁၀)ဘုရားရှင်မှန်သမျှတို့၏ ဗုဒ္ဓဘိသေ
က ခံယူရာ မြေတကာတို့၏ အထွဋ်အထိပ်
အလွန်တင့်တယ်ကောင်းမြတ်မြေအရပ်ဖြစ်သော
အပရာဇိတပလ္လင်၌ ထွတ်ဖျားတိုင်မြောက် ဘုရား
အဖြစ်သို့ရောက်တော်မူသော ရှင်တော်မြတ်ဘု
ရားသည် အလွန်ရွှင်လန်းဝမ်းမြောက်တော်မူရ
သကဲ့သို့ ထို့အတူသင်သည်လည်း အထက်တန်း
ရောက်ကာ ဝမ်းမြောက်ရွှင်လန်းပါစေ။
(၁၁)သုစရိုက်တရားကျင့်ရာ နေ့အခါ
သည်ကား ကောင်းသောနက္ခတ် ကောင်းသော
မင်္ဂလာချည်းသာတည်း။ ကောင်းသောမိုးလင်းရ
ခြင်း ကောင်းသောအိပ်ယာမှ ထရခြင်း ကောင်း
သောခဏ ကောင်းသောမုဟုတ်ချည်းသာဖြစ်
သည်။ ထိုနေ့၌ အကျင့်ကောင်းရှိသူ ပုဂ္ဂိုလ်တို့၌
လှုရသောအလှုမှာ ကောင်းသောလှုဒါန်းပူ
ဇော်ရခြင်းသာဖြစ်ပေ၏။
(၁၂)သုစရိုက်တရားကျင့်ရာနေ့အခါ
၌ ထိုသူ၏ ကာယကံမှု ဝစီကံမှု မနောကံမှု မှန်သ
မျှတို့သည် တိုးတက်ကြီးပွါးကြောင်း အကောင်းအ
မြတ်ချည်းသာတည်း။ထိုသုစရိုက်တရာကျင့်သူ၏
ကံသုံးပါးတို့ကား တိုးတက်ကြီးပွါးကြောင်းကောင်း
မှု၌ ထားခြင်းမည်၏။
(၁၃)တိုးတက်ကြီးပွါးကြောင်း ကောင်း
မြတ်သော ကံသုံးပါးကိုပြုကြကုန်၍ ကောင်းမြတ်
သောအကျိုးကို ရရှိကြကုန်၏။သင်တို့သည်
ကောင်းကျိုးကိုရရှိကြကုန်သည် ချမ်းသာခြင်းရှိ
ကြကုန်သည် ဘုရားရှင်၏ သာသနာတော်၌ တိုး
တက်စည်ကားကြီးပွါးကြကုန်သည်ဖြစ်၍ ဆွေမျိုး
အပေါင်းတို့နှင့်တကွ အနာရောဂါကင်းရှင်း ချမ်း
သာအေးမြခြင်းသို့ ရောက်ကြရကြကုန်သည်
ဖြစ်ကြပါစေကုန်သတည်း။
(ပုဗ္ဗဏှသုတ် စကားပြေ ပြီး၏)
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment