"ကောင်းခြင်းသုံးဖြာဒေသနာ"
"ဘုရားရှင်၏ တရားဒေသနာတော်၌ (၁)တရားတော်၌ နာယူရခြင်း
(၂)ကျင့်ရခြင်း
(၃)အကျိုးရခြင်း စသော တရားဒေသနာတော်၌
ကောင်းခြင်းသုံးဖြာရှိရာ ဘုရားတရားတော်ကို
နာရ သင်ရလျှင် တရားကိုသိခြင်း အနက်ကိုသိ
ခြင်းဖြင့် ပီတိအထူးဖြစ်ကြရသည်။"
"စိတ်ကိုချမ်းသာ အေးမြစေတတ် ပီတိဖြစ်စေ
တတ်သော တရားဖြစ်သောကြောင့်ပင် ထိုတရား
နာရသူမှာ သောကပရိဒေဝ စသောအပူတွေ
ကင်းရ၏။ရာဂကင်းရ၏။ဒေါသကင်းရ၏။ အပူ
ကင်း အညစ်ကင်း၍လည်း စိတ်တွင်အေးမြ ပီတိ
ပဿဒ္ဓိဖြစ်ကြရ၏။ကျင့်ရသောအခါ ဆိုဖွယ်ရာ
မရှိပြီ။"
"အကျင့်သီလ တစ်ခုတစ်ခုဖြင့်ပင် ဘေးကင်း
ရန်ကင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာခြင်းကို ဖြစ်
စေတတ်၏။ သမာဓိ ပညာစသော အကျင့်များကို
ကျင့်ရပါမူကား တရားက တက်လေလေ ပီတိ
ပဿဒ္ဓိ သုခ သမာဓိတွေ တိုးတက်လာကာ ကိ
လေသာ ကင်းလေလေ ဖြစ်ရလေတော့၏။"
"တရားဥာဏ်ရင့်သန်၍ အလိုရှိသော မဂ်ဖိုလ်
အကျိုးကိုရသောအခါ ပြောမပြနိုင်အောင် ဝမ်း
သာခြင်း ချမ်းသာခြင်း ရတော့သည်သာ။ ထို့
နောက် ဒုက္ခတွေလက်စသိမ်းရမည်ကိုသိရ၍
တွေးလိုက်တိုင်း ဝမ်းမြောက်ရခြင်း ဖလ သမာ
ပတ္တိဖြင့် အလိုရှိသောအခါ ချမ်းသာစွာဝင်စား
နိုင်ခြင်း ဖြစ်ရာ တရားသိမြင်ခြင်းအရာ၌ အထွတ်
အထိပ်သို့ရောက်လျက် အေးငြိမ်းခြင်း သုခချမ်း
သာအစစ်ကို ပိုင်ဆိုင်ရလေတော့၏။ ဤကောင်း
ခြင်းသုံးဖြာကို သိရလျှင်လဘုရားရှင်၏ တရား
ဒေသနာတော်များမှာ အဘယ်မျှကောင်းစွာ
ဟောအပ်သည်ကို သိနိုင်ပေတော့သည်။"
No comments:
Post a Comment