"အထုံးအဖွဲ့ ဂန္ထမှန်သမျှတို့မှ လုံးဝကျွတ်လွတ်ရာ
ဖြစ်သော မြင်နိုင်ခဲ၍ နက်နဲဧကန် ဤနိဗ္ဗာန်ကို
ဝီရိယလျော့ ပေါ့ပေါ့ဆဆ အားထုတ်ကြ၍ ရနိုင်
ဖို့ရာမဖြစ်နိုင်ပါပေ။ ဇွဲအားသန်သူလူချွန်များသာ
ရာအမှန်ပြည်နိဗ္ဗာန်ကို ဇွဲမာန်ကိုလျော့ ပေါ့ပေါ့
တန်တန် သာမာစွမ်းအားမျိုးဖြင့် သိမ်မွေ့နက်နဲ
ခက်အခဲမို့ မလွဲစင်စစ် ရဖို့ရန်မဖြစ်နိုင်ပါပေ။"
"နိဗ္ဗာနဓါတ်ကား အလွန်ထူးခြားသော တရားမြတ်
ဖြစ်၏။ ထူးမြတ်ကောင်းမွန်သော နိဗ္ဗာနဓါတ်ကို
ရယူနိုင်ခွင့်ရှိသည်မှာ သာသနာတော်၏ ထူးခြား
သော ဂုဏ်တစ်ရပ်ပင်။ နိဗ္ဗာန်ရောက်ရန် လမ်း
မှန်အကျင့်ကောင်းလည်းရှိ၍ ကျင့်သည့်အတိုင်း
နိဗ္ဗာနဓါတ်သို့ ဆိုက်ရောက်နိုင်သည်ဆိုလျှင် သာ
သနာနှင့် ကြုံရသော ဤအခါမျိုးမှာ နိဗ္ဗာန်ရရေး၌
လေးလေးစားစား မကြိုးစားပဲ မရှိသင့်ပေ။ သို့
သော် အလွန်နက်နဲ ခက်ခဲသိမ်မွေ့ တရားဖြစ်၍
သာမန်ဇွဲလုံ့လဖြင့်ကား မရနိုင်ရာ လွန်စွာ ကြိုး
စားခြင်းဖြင့် နိဗ္ဗာနဓါတ်သို့ ဆိုက်ရောက်နိုင်ကြပါ
စေ။"
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment