Thursday, November 17, 2016

#အလုပ်ရှင်တို့ကျင့်ရမည်

#အလုပ်ရှင်တို့ကျင့်ရမည်

"လောက၌ အလုပ်ရှင် လုပ်ငန်းရှင်တို့သည် မိမိ
တို့ တန်ရာတန်ကြေးပေးလျက် ခိုင်းစေသော အ
လုပ်သမားများကိုပင်………
         #ထမင်းကျွေးသောလက်ပြန်မကိုက်နှင့်
ဟူသော အလကားထမင်းကျွေးသော ကျေးဇူ့
ရှင်ကြီးများပမာ ဂုဏ်တင်လျက် အလုပ်ရုံ၌ စာ
တမ်းများကပ်ခြင်း ချိတ်ခြင်း မိမိကိုဂုဏ်တင်
လျက် ကြွားဝါပြောဆိုခြင်း စသော မဖြောင့်မှန်
သောစကားကို ပြောဆိုကြကုန်၏"

         "အမှန်စင်စစ် အလုပ်သမားများကား  ၎င်း
အလုပ်ရှင်တို့ငွေကို အလကားယူခြင်းမဟုတ် မိမိ
တို့ ကာယ ဥာဏအားဖြင့် ရင်းနှီး၍ ရအပ်သော
လုပ်ခများသာတည်း။"

          "အချို့အလုပ်ရှင်များကား အလုပ်သမား
များအား လုပ်ခလစာ မပို့မစို့မတန်မရာပေး
လျက် အလုပ်၌ ခိုင်းစေကြကုန်၏။ ဤသည်ကား
ဂုဏ်သိက္ခာမဲ့သော သူတို့လုပ်ရပ်သာဖြစ်၍ ချမ်း
သာကြွယ်ဝသူတို့၏ အဆင့်အတန်းနှင့်မလိုက်
ဖက် မထိုက်တန် ဈေး၌ အချို့ဈေးသည်တို့အ
လေးခိုးသည့်ပမာ သူခိုး ဖြစ်သည်သာတည်း။"

             "ကျွန်ုပ်တို့ #ပြည်ထောင်စုမြန်မာနိုင်ငံ
တော်၌ အခြေခံမှစ၍ ဗုဒ္ဓသာသာနာ ယဉ်ကျေးမှု
များ ဗြဟ္မစိုရ်တရားများ ထွန်းကားသည်ဟု ကမ္ဘာ
သိအောင် ကြေငြာထားသော်လည်း မြန်မာလူမျိုး
အလုပ်ရှင်များ၌ ဤစိတ်ဓါတ်မျိုးတွေ ရှိနေသည်
မှာ အလွန်ရှက်ရွံ့ဖွယ်ကောင်းလေစွ။"

             "ဆင်းရဲ၍ အလုပ်အကိုင်ရှားပါးသော
မြန်မာနိုင်ငံ၌ ဤသူမျိုးတွေ စီးပွါးရေးလောကကို
ချူပ်ကိုင်ထားသည်မှာ တိုင်းပြည်အတွက် အခြေ
ခံ ပြည်သူလူထုအတွက် အနာဂါတ်မြန်မာပြည်
အတွက်ရင်လေးစရာပင်။"

               "#နိုင်ငံတော်အစိုးရ မှလည်း ဤကိစ္စ
များကို လျစ်လျူမရှုသင့် ဝင်ငွေလစာ နည်းပါးမှု
ကစ၍ ကျန်းမာရေး ပညာရေး စားဝတ်နေရေး
များ ထိခိုက်နစ်နာကြလျက် ရာဇဝတ်မှုထူပြော
ခြင်း တိုင်းပြည်ဆူပူအုံကြွခြင်း စသော အဖြစ်အ
ပျက်များမှာ စားဝတ်နေရေး အခြေခံဖြစ်ရာ အ
လေးထားသတိပြုဆောင်ရွက်လျက် အနာဂါတ်
မြန်မာနိုင်ငံတော်ကြီးကို ကောင်းစားအောင်တည်
ဆောက်သင့်ပေသည်။"

                                      #ငြိမ်းချမ်းပါစေ

No comments:

Post a Comment