"အချင်းချင်းမတည့်အောင်ရန်တိုက်ပေး
သော (ပိသုဏဝါစာ)ကို မပြောဆိုပဲ ကွဲပြားသူ
များ ညီညွတ်အောင် ညီညွတ်နေသူများ ပိုမိုညီ
ညွတ်အောင် (သုဘာသိတ)ကောင်းသောစကား
ကိုဆိုရမည်။"
"အနက်အဓိပ္ပါယ်ကင်းမဲ့သော(သမ္ဖပ္ပလာပ)
စကားအဖျင်းကိုမဆိုပဲ ရှောင်ရှားလျက် အဖြစ်အ
ပျက်အကြောင်းအရာမှန် သဘာဝအမှန်ကို ပြော
ဆိုခြင်းကား(ဓမ္မ)ဖြစ်သည်။"
"ဆဲရေးမောင်းမဲ ကြိမ်းမောင်းခြင်း ကျိန်ဆဲ
ခြင်းစသော(ဖရုသဝါစာ)ကြမ်းတမ်းသောစကား
ကို မဆိုပဲ ချစ်ဖွယ်သောစကား'(ပိယ)ကိုပြောဆို
ရမည်။"
"လိမ်ပြောသောစကား(မုသာဝါဒ)ကိုမဆိုပဲ
အမှန်တိုင်းသာ(သစ္စာ)စကားကို ပြောရမည်။
(သဂါထာဝဂ္ဂ-ဝင်္ဂီသ သံယုတ် သုဘာသိတ
သုတ်)
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment