Thursday, November 17, 2016

သိနားလည်သူ

"စာပေနှင့်အတတ်ပညာအမျိုးမျိုးကို တတ်
မြောက်သူကို တစ်နည်းတစ်လမ်းအရ ပညာရှိဟု
ဆိုသော်လည်း ထိုသူမှာ မကောင်းသောအကြံ
မကောင်းသောအပြော မကောင်းသောအလုပ်ကို
လုပ်ခြင်းရှိလျှင် ပညာရှိဟု မခေါ်ဆိုထိုက်ပေ။"

"စာပေအတတ်ပညာ ထူးခြားစွာမတတ်သော်
လည်း ကောင်းမှု မကောင်းမှု သိနာလည်၍
လိုက်နာကျင့်ကြံနေထိုင်သူ သူတော်ကောင်းကို
သာ ပညာရှိဟုခေါ်ဆိုသည်။"

"အကယ်၍ အတတ်ပညာပြည့်စုံလျက်အကျင့်
လည်းကောင်းမည်ဆိုပါက အမှန်တကယ်မှီခို
အားထားထိုက်သော ပညာရှိသူတော်ကောင်းပင်
ဖြစ်တော့သည်။"

                                             #ငြိမ်းချမ်းပါစေ

No comments:

Post a Comment