"ပရိနိဗ္ဗာန်စံရာ ညောင်စောင်းထက်၌ စံနေသော
ဗုဒ္ဓရှင်တော်သည် ထိုအချိန် နတ် ဗြဟ္မာတို့၏
လွန်လွန်ကဲကဲ ပူဇော်ကြပုံတွေမြင်ရသောအခါ
အရှင်အာနန္ဒာအား ''''အာနန္ဒာ ငါဘုရားကို ဤမျှ
လောက် ပူဇော်ခြင်းဖြင့် ပူဇော်သည် မမည်သေး
လောကုတ္တရာတရား ကိုးပါးရကြောင်း တရား
ကောင်းကို ကျင့်ခြင်းဖြင့် ပူဇော်မှသာ အကောင်း
ဆုံးပူဇော်ခြင်းမည်ကြောင်း'''' ဟောတော်မူခဲ့၏။"
"ဤ၌ မြတ်စွားဘုရား နောက်လေးလအကြာတွင်
ပရိနိဗ္ဗာန် စံတော့မည်ဟု သိရသောအခါ ရဟန်း
တော်အများမှာ သောကပရိဒေဝ ဖြစ်ကြ၏။ ဘယ်
သို့ပြုရမည်နည်းဟု ကြံစည်ဆွေးနွေးကာ ဘုရား
အနားမှ မခွါနိုင်ဖြစ်ကြရသည်။ အတ္တဒတ္ထ'
တိဿ' ဓမ္မာရာမ ရဟန်းတော်သုံးပါးမှာကား
''''ဘုရားရှင်လည်း ပရိနိဗ္ဗာန်စံတော့မည် ငါတို့မှာ
လည်း အာသဝ မကုန်သေး ဘုရားရှင် မကွယ်မီ
အာသဝကုန်အောင် ကြိုးစားရတော့မည်''''ဟု
တစ်ပါးချင်းခွဲကာ အားထုတ်နေကြ၏။ ရဟန်းများ
က ထိုရဟန်းများ ဘုရားရှင်ကို အရေးမစိုက်
ကြောင်း လျောက်သောအခါ ဘုရားရှင်ခေမေး
တော်မူ၍ အကြောင်းသိရသဖြင့် ချီးကျူးတော်မူ
ခဲ့သည်။"
"ငါဘုရားကို အာမိသပူဇာဖြင့် ပူဇော်ရုံမျှဖြင့်
ငါဘုရားအပေါ်ချစ်ရာမရောက် ဓမ္မပူဇာဖြင့်
ပူဇော်မှသာ ငါဘုရားအပေါ်မှာ ချစ်ရာရောက်
သည် ဟု မိန့်တော်မူခဲ့သည်။"
"ထို့ကြောင့် မိမိပြုသောသာသနာ အရှည်တည်
ရေး မိမိတပည့်သာဝကများ ကောင်းစားချမ်းသာ
ရေး အတွက် ဘုရားရှင်လိုလားသော ဓမ္မပူဇာ
ခေါ် အကောင်းဆုံး ပူဇော်ခြင်းဖြင့် ပူဇော်ကာ
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။"
No comments:
Post a Comment