Thursday, November 17, 2016

ဗုဒ္ဓရတနာ

""ဗုဒ္ဓရတနာ""

        "တောဘွဲ့ကဗျာတစ်ခုကို တွေ့ရသောအခါ
ကဗျာအရသာကို ခံစားတတ်သောသူအဖို့ စကား
လုံးလှလှတွေကိုလည်း ကြည်နူးနှစ်သက်ကြပေ
လိမ့်မည်။ အနက်အရသာများကိုလည်း သာယာ
စွဲလမ်းပေလိမ့်မည်။ ကဗျာကိုနားမလည်သူအဖို့
ကား ထိုကဗျာသည် မည်သို့မျှတန်ဘိုးရှိလိမ့်မည်
မဟုတ်။"

               "ထို့အတူဒေသနာတော်၌ အတ္ထရသ သဒ္ဒရသ ခံစားတတ်သော ပုဂ္ဂိုလ်များအဖို့ ဘုရား
ဒေသနာတော်၌ နှစ်သက်ကြည်နူးမဆုံးဖြစ်ကြ၏။
လောက၌ ကျမ်းဂန်တစ်ခုကို တွေ့ရသောသူတို့
မှာ ကျမ်းဂန်ကကောင်းသည်နှင့်အမျှ ကျမ်းပြု
ပုဂ္ဂိုလ်ကို ကြည်ညိုလေးစား အားရသကဲ့သို့ အတ္ထ
ရသ ခံစားရသူတို့မှာ ဗုဒ္ဓရှင်တော်မြတ်အပေါ်
ကြည်ညိုမဆုံးဖြစ်ကြရသည်။"

                  "ထို့ကြောင့်ပင် ရှေးကျမ်းဂန်တတ်ဆ
ရာတော်ကြီး တော်တော်များများမှာ ဘုရားဆု
တောင်းတော်မူကြခြင်းဖြစ်၏။ ဤအတ္ထရသကို
သိရှိကြ၍ သိရှိသည့်အတိုင်း ကျင့်ကြံသော အား
ဖြင့် မဂ်ဖိုလ်အထိ ပေါက်ရောက်ကြသည့် ပုဂ္ဂိုလ်
များ၏ ကြည်ညိုအားရမှုမှာ ဆိုဖွယ်ရာမရှိ။ထို့
ကြောင့် ဗုဒ္ဓတရားတော်များမှာ ဗုဒ္ဓရှင်တော်ကို
နှစ်သက်ကြည်ညိုရခြင်းအကြောင်းဖြစ်၍ ထိုဓမ္မ
များအရ ဗုဒ္ဓ၏ ရတနာအဖြစ်ကိ ကြည်ညိုမဆုံး
ဖြစ်ရပါသတည်း။"

                            

No comments:

Post a Comment