"သုဂတော ဂုဏ်တော်"
"သု=ကောင်းသောစကားကို။ဂတ=ဆိုတော်
မူသည်။ အပြစ်ရှိသောစကား အကျိုးမရှိသောစ
ကားကိုမဆို အပြစ်ကင်း၍ အကျိုးရှိသောစကား
ကိုမိန့်ဆိုတော်မူသည်။"
သုဂတ ဂုဏ်တော်ရှင် မြတ်စွာဘုရားကား
"ဘုရားရှင်တို့မည်သည် မမှန်'အကျိုးမရှိ'သူတစ်
ပါးမနှစ်သက်သောစကားကိုမပြော။ မမှန်'အကျိုး
မရှိမူ သူတစ်ပါးနှစ်သက်သော စကားကိုလည်း
မပြော။"
"မှန်ကားမှန်၏'အကျိုးမရှိ'သူတစ်ပါးမနှစ်သက်
သောစကားကိုမပြော။"
"မှန်လည်း မှန်၏' အကျိုးလည်းရှိ၏' သူတစ်ပါး
ကားမနှစ်သက်' ဤစကားကိုမူ အခါကိုကြည့်၍
ပြောသင့်သောအခါ ပြော၏။"
"မှန်၏'အကျိုးရှိ၏' သူတစ်ပါးနှစ်သက်၏' ဤ
စကားကိုကား ပြော၏။ အဘယ့်ကြောင့်နည်း
သတ္တဝါအများကို ငါဘုရားချစ်မြတ်နိုးသော
ကြောင့်" တည်း။
"ဤဒေသနာအရ မှန်ကန်လျက် အကျိုးလည်းရှိ
သူတကာနှစ်သက်သော စကားကို အခါခပ်သိမ်း
ပြော၍ 'မှန်ကန် အကျိုးရှိသော်လည်း သူမနှစ်
သက်သည်ဖြစ်စေ မိမိရင်သွေး၏ လည်ချောင်းမှ
သံဆူးခွကို သွေးသံရဲရဲ ဆွဲထုတ်ကယ်တင်ရ
သော ဥပမာတူစွာ ပြောသင့်သောအခါ ပြောရ
မည်ဆိုဆုံးမရမည်ဟု ဟောတော်မူပါ၏။"
"သု=ကောင်းသော နိဗ္ဗာန်သို့။ဂတ=ကြွ
တော်မူမူသော မြတ်စွာဘုရား။ ဘုရားမှတစ်ပါး
အခြားသာဝကများလည်း နိဗ္ဗာန်သို့ ရောက်ကြ၏။
သို့သော် ဘုရားရောက်ခြင်းက ပိုမိုပေါ်လွင်ထင်
ရှားလှ၏။ မှန်၏ ဘုရားရှင်ကား နိဗ္ဗာန်လမ်းကို
ရှေးဦးစွာတွေ့ရှိရ၍ ထိုလမ်းဖြင့် နိဗ္ဗာန်သို့ လက်
ဦးရောက်ခဲ့၏။ ထို့နောက်ဘုရားရှင်က ထိုလမ်း
ဖြင့် ရှေ့ဆောင်တွဲခေါ်ခဲ့၍ နိဗ္ဗာန်သို့ ရောက်ကြရ
သည်မှာ မနည်းလှပေ။"
"ထို့ပြင် နိဗ္ဗာန်ရောက်ခြင်းတူသော်
လည်း နိဗ္ဗာန်ရောက်ပြီးနောက် ရအပ်သောဂုဏ်
အရာကား ကွာခြားလှ၏။ တစိတ်တစ်ဒေသ ဂုဏ်
တူရုံမျှဖြင့် အတုလဂုဏ်ရှင်၏ သုဂတဂုဏ်အက်
ကိုလည်း သာသနာ၌ မည်သူတစ်ဦးတစ်ယောက်
မျှ မခံဝံ့ မခံရဲကြ ခံယူလျှင်လည်း အသိအမှတ်ပြု
နိုင်ကြမည် မဟုတ်ပေ။"
"သု=ကောင်းစွာလားတော်မူသည်။
အာဂတ=လာတော်မူသည်။ ဘုရားဖြစ်တော်မူ
သည်အထိ ကောင်းစွာလာတော်မူခဲ့သည်ကိုဆို
လို၏။"
"လောက၌ ရည်မှန်းရာသို့ အရောက်
သွားနိုင်သူကို အသွားအလာကောင်းသူဟုဆိုရ
သည်သာ။ လမ်းလွဲ လမ်းမှားလိုက်၍ လိုရာသို့
မရောက်က အသွားအလာကောင်းသူမဖြစ်နိုင်။
သံသရာကား လမ်းကောက် လမ်းမှားတွေ ပေါ
များသော ကန္တာရကြီးပင်။"
"သာမန်ပုဂ္ဂိုလ်များမှာ မျက်မမြင် အကန်း
ကဲ့သို့ဖြစ်ရာ လမ်းမှားပေါသော ဤလောက၌
လမ်းကောင်းလိုက်မိသည်ထက် လမ်းကောက်
လမ်းမှားသာ အရောက်များရတော့သည်။"
"လေးသင်္ချေကိုမဆိုထားဘိ တကမ္ဘ္ဘာအ
တွင်းမှာပင် လမ်းမှား၍ ငရဲကျ စုံးစုံးမြုပ်ရသော
ဘဝပေါင်းမှာ မနည်းလှ။ ဘုရားရှင်မှာ နိယတ
ဗျာဒိပ် ရသည့်အခါကစ၍ သဗ္ဗညုတပန်းတိုင်
ကြီးကို မျက်ခြေမပြတ်ခဲ့။ အမြဲတမ်းဦးတည်
မျှော်မှန်းခဲ့သည်။"
"ထိုဥာဏ်တော်ကြီးအတွက် ပစ္စည်း
ဥစ္စာ ကိုယ်အင်္ဂါသာမက အသက်ပါစွန့်ရန် အဆင်
သင့် ဖြစ်နေခဲ့၏။ ထို့ကြောင့်ပင် သူတကာ မတွေး
ဝံ့ဖွယ် ထိတ်လန့်ဖွယ်ဖြစ်လောက်အောင် ပြောင်
မြောက်စွန့်စားကာ ပါရမီဆယ်ပါးကို အားရပါးရ
ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏။"
"ရည်မှန်းချက်ပန်းတိုင်ကြီးသို့ တသန်
တည်း စိတ်ရောကိုယ်ပါ ဦးတည်ထားသဖြင့် လမ်း
မှား လမ်းလွှဲမရောက် အစဉ်ဖြောင့်တန်းလျက်ရှိ
ခဲ့ပေသည်။ ထို့ကြောင့်ပင် ရည်မှန်းချက်မြောက်
သဗ္ဗညုတ ပန်းတိုင်သို့ ရောက်တော်မူရသည်။"
"သုဂတ၏ ဤအနက်အရ ဗုဒ္ဓရှင်
တော်၏ ပါရမီအကြောင်း အလွန်ကောင်းခဲ့ပုံကို
၎င်း အကြောင်းကောင်း၍ အကျိုးမဟာဗောဓိ =
အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်၏ အလွန်
ထူးခြားပုံးကို၎င်း စေ့စပ်စွာအာရုံပြုမိသူတိုင်း
အားရမဆုံး ကြည်ညိုမဆုံးဖြစ်ရတော့သည်။"
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment