Thursday, November 17, 2016

သူမြတ် များအား ပြစ်မှားတုံထ

"အပြစ်ကင်းကွာ နိပ္ပရာဓ ဒေါသမဲ့ငြား သူမြတ်
များအား ပြစ်မှားတုံထ မိုးပေါ်လကို စိတ်ကငြူစူ
ပစ်သောမြူသည် ပစ်သူသို့သာ ကျရောက်လာသို့
မှန်စွာအပြီး နောက်ပိုးစီးလျက် မြေကြီးမျိုရှောင်း
မိကျောင်းသစ်ကျား ဖမ်းစားဘီလူး ရေကူးလှေ
မှောက် စိတ်နောက်-သွေးအန် စက်ပျံ မိုးကြိုး
ပြစ်ရှစ်မျိုးနှင့် လွှမ်းမိုးပြင်းစွာ ဝေဒနာကြီးမား
လျော့ပါးစည်းစိမ် နေအိမ်မီးလောင် ကုန်အောင်
ကျွမ်းသက် ကျိုးပျက်အင်္ဂါ နူနာ-စိတ်ဖေါက် ကျ
ရောက်မင်းဒဏ် မမှန်စွပ်စွဲ ပြိုကွဲမျိုးဆွေ ရွှေ-ငွေ
ကျွဲ-နွား ယွင်းဖောက်ပြားသား ဆယ်ပါးမျက်
မှောက် ဒဏ်ကြီးရောက်၍ နောက်၌အမြဲ သေ
ဖောက်လဲသော် ငရဲကြီးစွာ လားတို့ရာ၏။"

                                      (မာဃဒေဝလင်္ကာ)

                                        

No comments:

Post a Comment