"ဘုရားရှင်တို့မည်သည် မမှန်'အကျိုးမရှိ'သူတစ်
ပါးမနှစ်သက်သောစကားကိုမပြော။ မမှန်'အကျိုး
မရှိမူ သူတစ်ပါးနှစ်သက်သော စကားကိုလည်း
မပြော။"
"မှန်ကားမှန်၏'အကျိုးမရှိ'သူတစ်ပါးမနှစ်သက်
သောစကားကိုမပြော။"
"မှန်လည်း မှန်၏' အကျိုးလည်းရှိ၏' သူတစ်ပါး
ကားမနှစ်သက်' ဤစကားကိုမူ အခါကိုကြည့်၍
ပြောသင့်သောအခါ ပြော၏။"
"မှန်၏'အကျိုးရှိ၏' သူတစ်ပါးနှစ်သက်၏' ဤ
စကားကိုကား ပြော၏။ အဘယ့်ကြောင့်နည်း
သတ္တဝါအများကို ငါဘုရားချစ်မြတ်နိုးသော
ကြောင့်" တည်း။
"ဤဒေသနာအရ မှန်ကန်လျက် အကျိုးလည်းရှိ
သူတကာနှစ်သက်သော စကားကို အခါခပ်သိမ်း
ပြော၍ 'မှန်ကန် အကျိုးရှိသော်လည်း သူမနှစ်
သက်သည်ဖြစ်စေ မိမိရင်သွေး၏ လည်ချောင်းမှ
သံဆူးခွကို သွေးသံရဲရဲ ဆွဲထုတ်ကယ်တင်ရ
သော ဥပမာတူစွာ ပြောသင့်သောအခါ ပြောရ
မည်ဆိုဆုံးမရမည်ဟု ဟောတော်မူပါ၏။"
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment