Thursday, November 17, 2016

ဆင်ခြင်တုံ တရား ထားနိုင်သူ

"လောက၌ မည်သည့် အသိလိမ္မာ အတတ်ပညာတို့ကို မည်သို့ပင် တတ်မြောက်
လိမ္မာကျွမ်းကျင်သူဖြစ်စေ အမှန်စင်စစ် ခွဲခြမ်း
စိပ်ဖြာလျက် မိမိသိသော တတ်သော တတ်သိ
လိမ္မာခြင်း၌ သတိပညာ  ရှေ့ရှုလျက် ဆင်ခြင်တုံ
တရား ထားနိုင်သူကားရှားလှချေ၏။"

"လောကလူသားအများသည်ကား မည်သို့ပင်
အသိလိမ္မာ ပညာများတတ်မြောက်ထားကြသော်
လည်း ရာထူး ငွေ ဂုဏ် အာဏာ စသည်တို့၌ တပ်
မက်လျက် သတိပညာတည်းဟူသော ဆင်ခြင်တုံ
တရားမဲ့လျက် အရှက်မရှိဖြစ်ကြကုန်၏။"

"မြင်း မကောင်း မြင်းဇောင်းပျက်၏ သူကြီး
မကောင်း ရွာပျက်၏ တိုင်းပြည်၌ ထိုမင်းဆိုးတွေ
ရှိနေလျှင်လည်း တိုင်းပြည်ပျက်တတ်၏။ ထို့
ကြောင့်လျှင် ပရိတ်တော်နိဒါန်း၌ ရာဇတောဝါ=
မင်းဘေး တို့မှ ဟူ၍လည်းကောင်း ရန်သူမျိုးငါး
ပါး၌ မင်း ဟူ၍လာရှိ၏။"

"ထိုကြောင့်ပင် ပရိတ်တော်အာဏာစက် ယူရာ
၌ မင်းဘေးစသည်တို့မှ လွတ်ကင်းချမ်းသာခြင်း
ရှိစေခြင်းငှာ အာသီသထားခြင်းဖြစ်သည်။"

"ပညာတတ်ဖြစ်လျက် လူမိုက်ဖြစ်တတ်၏
သောဏ္ဍာဓာနသုတ်၌ အဆင်း ချမ်းသာခြင်း
အမျိုးမြတ်ခြင်း သီလရှိခြင်း ပညာရှိခြင်း စသော
အချက်ငါးချက်ဖြစ်ရာ အဆင်း ချမ်းသာခြင်း
အမျိုးမြတ်ခြင်း ဤသုံးချက်မပြည့်စုံသည် ဖြစ်စေ
သီလ နှင့် ပညာကိုကား တစ်ခုမှ ပယ်၍မရပေ။"

"သီလရှိသော်လည်း ပညာမတတ်မူ လောကအ
တွက် အကျိုးမကြီး ပညာရှိသော်လည်း သီလမရှိ
မူ လောကပျက်စီးတတ်၏။ ထို့ကြောင့် သီလနှင့်
ပညာ ပြည့်စုံမှသာလျှင် လောကရေး ဓမ္မရေးရှု
မြင်ကျင့်သုံးတတ်လျက် လောကကြီးငြိမ်းချမ်း
သာယာမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်တော့
သည်။"

              "ဤစာ စကားဖြင့် ဆရာတော်ကြီးများ
အား ပူဇော်ပါ၏"

                                   #ငြိမ်းချမ်းပါစေ

No comments:

Post a Comment