"မြဲမြံတည်တံ့သော သမာဓိဖြင့် လွန်စွာအားထုတ်
ကြကုန်၍ ဘုရားမြတ်သာသနာတော်၌ ကိလေ
သာတို့မှ လွတ်ထွက်တော်မူကြကုန်သော ရဟန္တာ
အရှင်သူမြတ်တို့သည် နိဗ္ဗာနဓါတ်သို့ အာရုံယူ
လျက် သက်ရောက်ကြပြီးသော် ပစ္စည်းဥစ္စာ
အနည်းငယ်မျှ မကုန်ကျရပဲ အလွယ်တကူရရှိ၍
ဖလသမာပတ် အငြိမ်းဓါတ်အရသာ ခံစားကြ
လျက် အရဟတ္တဖိုလ် ဝင်စားတော်မူကြ၏။"
"ဤသို့အားဖြင့် ရဟန္တာအရှင်သူမြတ်အပေါင်း၌
ဤရတနာ၏အဖြစ် နှစ်သက်ဖွယ်စုံ ဂုဏ်ရည်
သည်လည်း ထူးခြားကောင်းမြတ်လှပါပေ၏
ဤသစ္စာစကားကြောင့် သတ္တဝါတွေ ချမ်းသာ
ပါစေ သတည်း။
No comments:
Post a Comment