Wednesday, November 16, 2016

သောက်စားခြင်းအပြစ်

"သောက်စားသေစာ အခါမဲ့လှည့် ပွဲကြည့်လောင်း
စား ဆိုးဝါးမိတ်ဆက် အပျင်းဖက်သော် ယွင်းပျက်
ဥစ္စာ ကုန်ကြောင်းသာ ခြောက်ဖြာဝေးဝေးရှောင်"

"အရက်သေစာသောက်စားခြင်း ညအချိန်မဲ့
လျောက်သွားခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း
လောင်းကစားခြင်း သူယုတ်နှင့်ပေါင်းသင်းခြင်း
ပျင်းရိမေ့လျော့ခြင်း ဤခြောက်ပါးမှာ ဥစ္စာပျက်စီး
ကြောင်းဟု သိင်္ဂါလသုတ်၌ ဘုရားရှင်ဟောတော်
မူသည်။"

"အရက်သေစာသောက်စားခြင်းကြောင့် အပြစ်
ခြောက်ပါးလည်းဖြစ်နိုင်ကြောင်းလည်း ဟော
တော်မူရာ (၁)ဥစ္စာကုန်ခမ်းပျက်စီးခြင်း(၂)ခိုက်
ရန်များခြင်း(၃)ရောဂါအမျိုးမျိုးဖြစ်စေတတ်ခြင်း
(၄)ဂုဏ်အသရေမဲ့ အကျော်အစောမဲ့ခြင်း(၅)လျို့
ဝှက်ဖုံးကွယ်ထိုက်သော ကိုယ်အင်္ဂါများ လှစ်ပြ
တတ်ခြင်း (၆)ပညာဥာဏ်ကို အားနည်းအောင်ပြု
တတ်ခြင်းတို့တည်း။"

*ဥစ္စာဆုံးပါး ခိုက်ရန်ပွါးခဲ့ နာဖျားခြင်းကြောင်း
မကောင်းသတင်း တွင်းအင်္ဂါလှန် ပညာဥာဏ်
လည်း အားနည်းအောင်ပြု ဤခြောက်ခုသောက်
မှုသေရည်ပြစ်။*

"ဤသို့အားဖြင့် သေရည်၏အပြစ်များကို ဘုရား
ရှင်ဟောတော်မူခဲ့ရာ ယခုခေတ်၌ ပို၍ပင်ဆိုးဝါး
လာ၏။ ယနေ့ခေတ်၌ မြင်းဆေးအစရှိသောမူး
ယစ်ဆေးဝါးမျိုစုံ ရောင်းဝယ်ဖေါက်ကားသုံးစွဲ
လျက်ရှိရာ ရောင်းဝယ်သူ သုံးစွဲသူများကြောင့်
လောကငရဲသဖွယ်ဖြစ်ရ၏။"

"အချို့မူးယစ်ဆေးဝါးရောင်းဝယ်သူများ ကြီးပွါး
ချမ်းသာလျက်ရှိနေကြရာ အားမကျသင့် ထိုသို့
ရောင်းဝယ်ဖေါက်ကားခြင်းကြောင့် သုံးစွဲသူများ
လည်းများပြားလာရာ ထိုသူများကြောင့် မိဘ ဆွေ
မျိုးများကိုယ်စိတ်ဆင်းရဲရခြင်း သောကပရိဒေဝ
မီးတောက်ရခြင်း အမှုအခင်းမကောင်းသတင်း
များကြောင့် ဂုဏ်သိက္ခာထိခိုက်ရခြင်း စသော
လောကငရဲဖြစ်စရာ အကြောင်းများကြောင့်
ရောင်းဝယ်ဖေါက်ကားသော မူးယစ်ရာဇာကြီးများ
အား ထိရောက်စွာ အရေးယူနှိမ်နင်းသင့်၏။ ထို့
သို့ နှိမ်နင်းခြင်း အားဖြင့် လူငယ်များ၌ မူးယစ်
ဆေးသုံးစွဲမှု နည်းပါးလာပြီး တိုင်းပြည်အတွက်
သားကောင်း သမီးကောင်း ရတနာများ ပေါ်ထွန်း
လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပေတော့သည်။"

                                       

No comments:

Post a Comment