"အကုင်္ရမင်းသားနှင့်ပုဏ္ဏား"
"အကုင်္ရမင်းသားသည် လှည်းသားငါးရာ
ဖြင့် ကုန်သွယ်ခဲ့ရာ လှည်းငါးရာဖြင့်ပင်ကုန်သွယ်
သော ပုဏ္ဏာတစ်ဦးလည်း အတူပါ၏။ လမ်းမှား
၍ အစာရေစာတွေကုန်ခဲ့ရာ ညောင်ပင်ကြီးတစ်
ပင်တွေ့၍ ခိုနားကြ၏။ ထိုညောင်ပင်မှ တန်ခိုးကြီး
မားသောနတ်ကြီးသည် သူတို့အားသနား၍ လက်
ယာလက်ကိုဆန့်တန်းကာ ပထမ ရေ ထို့နောက်
လိုရာ လိုရာ အကုန်ပေး၍ သူတို့အားချမ်းသာစေ
ခဲ့သည်။
ထိုအခြင်းအရာကိုမြင်သောပုဏ္ဍားက လို
ရာခပ်သိမ်းပေးသော ဤနတ်ကြီးကိုအတင်း
ဆောင်ကြဉ်းသွားစို့ ဟု အကုင်္ရအားတိုင်ပင်သည်။
ထိုအခါ အကုင်္ရမင်းသားက "သစ်တစ်ပင်မှာ အိပ်
ရ ထိုင်ရ နားနေရလျှင် ထိုအပင်၏ အခက်ကိုပင်
မချိုးသင့် မိတ်ဆွေပစ်မှားသူမှာ သူယုတ်သာဖြစ်
သည်ဟု" သူတော်ကောင်းတရားပြပြောဆို၏။
ပုဏ္ဍားကလည်း သစ်ပင်အရိပ်မှာ ထိုင်ရ
အိပ်ရစေကာ အကျိုးရှိမည်ဆိုလျှင် ပင်စည်ကိုပင်
ဖြတ်နိုင်ကြောင်း နီတိနည်းပြလျက် ပုဏ္ဍားကချေ
ပ၏။ ထိုအခါ အကုၤရက မိမိအရိပ္ခိုရာသစ္ပင္ကို
အရွက်ပင်ပင် မဖျက်ဆီးရ မိတ်ဆွေပြစ်မှားသူမှာ
လူယုတ်မာဖြစ်ကြောင်း ထပ်မံဆိုသော် ပုဏ္ဍားက
အကျိုးရှိလျှင် အမြစ်ပါနူတ်ယူရကြောင်း ဆိုပြန်
သည်။ ထိုအခါ အကုၤရက နီတိမွာ ကိုယ္က်ိဳးသာ
ကြည့်၍ မမှန်ကြောင်း တရားသဘောသာ အမှန်
ဖြစ်ကြောင်း သိစေလို၍ "ပုဏ္ဍား သူ့အိမ်မှာ တည
အိပ်ရ သူ့ထံမှ ထမင်းအဖျော်ရသည်ကိုပင် ထိုသူ
ကိုစိတ်ဖြင့်ပင် မကောင်းမကြံထိုက် ကျေးဇူ့သိသူ
ကို သူတော်ကောင်းများ ချီးမွမ်း၏။ "မိမိအား အိပ်
ယာ နေရာပေး အစားအစာပေးသော မညှဉ်းဆဲ
တတ်စောင့်စည်းတတ်သော ထိုပေးကမ်းခြင်း
လက်ရှိသော မိတ်ဆွေသည် မိတ်ဆွေပြစ်မှားသူ
ကို လောင်ကျွမ်းတတ်သည် ရှေးဦးကျေးဇူ့ပြုသူ
ကို နောက်အခါ ညှဉ်းဆဲနှိပ်စက်သူမှာ စိုသော
လက်ရှိသော မိဆွေ၏ အဖျက်အဆီးခံရသည်ဖြစ်
၍ ကောင်းသောအာရုံများကို မတွေ့ကြုံရတတ်"
ဤသိုတရားပြ ပြောဆိုသောအခါမှ ပုဏ္ဍားလည်း
တိတ်သွားတော့၏။"
မှတ်ချက်
ဤ၌ ကျေးဇူ့ကန်းသူ ခံရသောအပြစ်မှာ
ကျေးဇူ့ပြုသူက လုပ်ရသည်မဟုတ်သော်လည်း
သူ့ကိုပြစ်မှား၍ ခံရသောကြောင့် သူကပင်လောင်
သကဲ့သို့၎င်း ဖျက်ဆီးသကဲ့ငို၎င်း တင်စားဆိုခြင်း
့ဖြစ်သည်။ ဤ၌ ကျေးဇူ့ပြုသူကို "အလ္လပါဏိ=
စိုသောလက်ရှိသူ"ဟု ဆို၏။ ထို့ကြောင့် "စိုသော
လက်ကို မခြောက်စေနှင့်"ဟု ဆိရိုးရှိခဲ့သည်။
No comments:
Post a Comment