Thursday, November 17, 2016

နိဗ္ဗာနဓါတ်အမြတ်ဆုံးအကျိုးစီးပွါးအတွက်သာ

"နိဗ္ဗာနဓါတ်အမြတ်ဆုံးအကျိုးစီးပွါးအတွက်သာ"

"လောက၌ မေတ္တာ ကရုဏာနည်းပါး အများ
အပေါ်မှာ စေတနာမထားတတ် စိတ်ဓါတ်မမြင့်
မြတ်သူတို့မှာ မိမိကိုယ်ကျိုးကိုသာ အလွန်လို
လားကြသည်။"

"ထိုပုဂ္ဂိုလ်မျိုးသည် ကျမ်းဂန်ရေးသားရာ၌ ဖြစ်စေ
တရားဟောရာ၌ဖြစ်စေ အကျော်အစောကို၎င်း
လာဘသက္ကာရကို၎င်း လိုလားတတ်၏"

"ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခငြိမ်းကြောင်း တရား
ကောင်း တရားထူးကို  ပိုင်နိုင်စွာရရှိထားတော်မူ
လျက် သတ္တဝါတို့၌ မဆုံးနိုင်အောင် ခံရမည့်
သံသရာဒုက္ခတို့ကို မြင်တော်မူ၍ လွန်စွာ ကရု
ဏာသက်ကာ ကယ်တင်တော်မူလိုသော ဆန္ဒ
ဖြစ်တော်မူ၏။"

"သတ္တဝါများအပေါ်ဝယ် တကယ်ကောင်းစား
ချမ်းသာစေလိုသော မဟာကရုဏာရှင် ပညာရှင်
ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာသည် လာဘ်လာဘ
အကျော်အစော စသည်ကို ဘယ်မှာလိုလား
ငဲ့ကွက်ပါအံ့နည်း။"

"သတ္တဝါများအတွက် အကောင်းဆုံးအကျိုးစီးပွါး
ကို ပေသနားလိုသည်သာဖြစ်၍ နိဗ္ဗာန်ထက်ပို၍
ကောင်းမြတ်သော အကျိုးစီးပွါးဟုလည်းမရှိတော့
ပေ။ ထို့ကြောင့် ရှင်တော်ဘုရားတရားဟောရခြင်း
မှာ နိဗ္ဗာနဓါတ်အမြတ်ဆုံး အကျိုးအစီးအပွါးအလို့
ငှာဖြစ်ကြောင်း ဂုဏ်ပြုပူဇော်ကြရသည်သာ
တည်း။"

                                
                                   

No comments:

Post a Comment