Thursday, November 17, 2016

"လောကဝိဒူဂုဏ်တော်" (အကျဉ်းမျှသာ)

"လောကဝိဒူဂုဏ်တော်"
(အကျဉ်းမျှသာ)

        "လောက=လောကအားလုံးကို။ ဝိဒူ=သိ
တော်မူသည်။ လောကကို သိပါသည်ဆိုသော
ပုဂ္ဂိုလ်အားလုံးထက် သာလွန်သိနိုင်သော ဥာဏ်
ကြီးရှင် ပုဂ္ဂိုလ်ထူးဟု ဆိုလို၏။"

        "လောသုံးပါးရှိခဲ့ရာ သတ္တဝါအမျိုးမျိုးကို
သတ္တလောက ဆိုသည်။ သတ္တဝါတို့၏ တည်ရာ
ဘုံဋ္ဌာနတွေကား သြကာသလောကတည်း။သတ္တ
ဝါ ဘုံဟူသော ဝေါဟာရ ပညတ်များ၏ တည်ရာ
ရုပ်နာမ်တရားများကို သင်္ခါရလောကဟု ခေါ်ရ
သည်။"

        "သတ္တလောကကို သိရာ၌ လူနတ်ဗြဟ္မာ
ငရဲသား တိရစ္ဆာန် ပြိတ္တာ အသုရကာယ်အမျိုးမျိုး
တို့ကို အမျိုးမျိုး အဖုံဖုံစုံအောင် သိတော်မူ၏။
သတ္တဝါတစ်ဦးစီ၏ ယခုဘဝအဖြစ်သာမက ရှေး
ကဖြစ်ခဲ့ဖူးသော ဘဝအဖြစ်မျိုးတွေ နောင်ဖြစ်ရ
မည့် ဘဝအဖြစ်မျိုးတွေကိုလည်း သိတော်မူ
သည်။"

        "တန်ခိုးကြီးသော နတ်ဗြဟ္မာ ရသေ့များနှင့်
သာဝကများလည်း ထိုသို့သိကြသည်။သို့သော်
၎င်းတို့ကား ဘဝဘယ်မျှ ကမ္ဘ္ဘာဘယ်လောက်
အထိသာဟု အကန့်အသတ်ဖြင့်သိကြ၏။ဘုရား
ရှင်ကား လောကဝိဒူဂုဏ်တော်ရှင်ဖြစ်၍ အဆုံးအ
စမရှိသိတော်မူသည်။"

         "ထို့ကြောင့်ပင်သတ္တဝါတို့ကို ဘယ်လိုဓါတ်
ခံမျိုး ရှိနေသည် ဘယ်အနုသယကိလေသာက
လွန်ကဲသည် နည်းသည်။ဘယ်လိုစိတ်ကြိုက်အ
လိုဆန္ဒရှိသည် ဘယ်စရိုက်မျိုးလွန်ကဲသည်
ဘယ်ဣနြေ္ဒက ရင့်နေပြီ နုသေးသည် စသည်
တို့ကို အတွင်းဝင်ကြည့်၍ အတိအကျမြင်ရသူပ
မာ သေချာစွာခွဲခြားသိနိုင်ပေ၏။"

              "ယခုခေတ် မျက်မြင်အားဖြင့် လူအမျိုး
မျိုးနေထိုင်ရာ တောင်ကျွန်းသာမက လူအများမ
ရောက်မမြင်ရသော အရှေ့ အနောက် မြောက်
ကျွန်းများ ထိုလေးကျွန်း၏ အလယ်မြင့်မိုရ်တောင်
ကို၎င်း သမုဒ္ဒရာလေးစင်းတို့ကို၎င်း ထိုကျွန်းများ
တည်ရာ ကမ္ဘာကိုပတ်လျက် စကြဝဠာတောင်ကြီး
ကို၎င်း နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာဘုံနှစ်
ဆယ် ငရဲရှစ်ထပ် စသောသုံးဆယ့်တစ်ဘုံလော
ကကို၎င်း ဤကမ္ဘ္ဘာလောကမှ ဆက်လျက် ဆင့်
ကဲဖြစ်တည်လျက်ရှိနေကြသော အလုံးစုံသော
မဟာလောကဓါတ်တိုက်အပေါင်းကို၎င်း ထိုင်ရာ
မှမထ အလိုရှိသလိုမြင်တော်မူသော လောကဝိဒူ
ဂုဏ်တော်ရှင်ဖြစ်တော်မူပါ၏။"

              "ထို့ပြင်ဘုရားရှင်ကား တစ်ခုစီအလွန်
လျှင်မြန်စွာ ဖြစ်ပျက်နေသော ရုပ်နာမ်တရားတို့
ကို ပြတ်ပြတ်သားသားခွဲခြားသိနိုင်၏။ ကလာပ်
စည်းတစ်ခုစီက ရုပ်များကိုလည်း ခွဲခြားနိုင်၏။အ
ကြောင်းအမျိုးမျိုး သတ္တိအဖုံဖုံစုံအောင်ပင် သိ
တော်မူ၏။"

            "မိမိသူတစ်ပါးမရွေး အတွင်းအပ သက်ရှိ
သက်မဲ့မရွေး အားလုံးသောလောကဓါတ်အမျိုး
မျိုးကို ခွဲခြားဝေဖန်၍ သိတော်မူ၏။ဘုရားရှင်၏
အဘိဓမ္မာ ပိဋကတ်ကား ရှင်တော်မြတ်၏ အတု
မရှိသော ဓါတုဗေဒ ဆရာမြတ်အဖြစ်ကို ပြလျက်
ရှိပေသည်။ ထို့ကြောင့် ဘုရားရှင်၏ လောကဝိဒူ
ဂုဏ်တော်ကား သူတစ်ပါးနှင့်မဆိုင် ကိုယ်ပိုင်
ဂုဏ်တော်ဖွဲ့အဖြစ် ဟစ်ကြွေးကြေငြာကာ အားရ
လေးစားစွာ ပူဇော်ကြရပေတော့သတည်း။"

                          
                               #ငြိမ်းချမ်းပါစေ

No comments:

Post a Comment