Thursday, November 17, 2016

သန္ဓေ

မည်သူမဆို
မွေးဖွားလာသည်နှင့် သန္ဓေတည်ပါလာသော
စိတ်သည် တစ်ခုတည်းသာရှိပေ၏။ သို့သော်
အရွယ်တစ်ခုသို့ ရောက်သောအခါတွင်
မိမိကိုယ်တိုင်ကသော်၎င်း
ပတ်ဝန်းကျင်ကသော်၎င်း
မိဘများ၏ ထောင့်စေ့အောင် ဆုံးမနိုင်ခြင်း
မရှိ၍သော်၎င်း
အကြင်သူသည် ကောင်းသောစိတ်
မကောင်းသောစိတ် များ ကွဲပြားလျက်
မိမိတို့၏ဘဝကို အထက်တန်းကျသူ/ ယုတ်ညံ့ဆိုးဝါးသူ
အဖြစ် ဆက်လျှောက်လှမ်းကြလေတော့သည်။

                                    #ငြိမ်းချမ်းပါစေ

သိနားလည်သူ

"စာပေနှင့်အတတ်ပညာအမျိုးမျိုးကို တတ်
မြောက်သူကို တစ်နည်းတစ်လမ်းအရ ပညာရှိဟု
ဆိုသော်လည်း ထိုသူမှာ မကောင်းသောအကြံ
မကောင်းသောအပြော မကောင်းသောအလုပ်ကို
လုပ်ခြင်းရှိလျှင် ပညာရှိဟု မခေါ်ဆိုထိုက်ပေ။"

"စာပေအတတ်ပညာ ထူးခြားစွာမတတ်သော်
လည်း ကောင်းမှု မကောင်းမှု သိနာလည်၍
လိုက်နာကျင့်ကြံနေထိုင်သူ သူတော်ကောင်းကို
သာ ပညာရှိဟုခေါ်ဆိုသည်။"

"အကယ်၍ အတတ်ပညာပြည့်စုံလျက်အကျင့်
လည်းကောင်းမည်ဆိုပါက အမှန်တကယ်မှီခို
အားထားထိုက်သော ပညာရှိသူတော်ကောင်းပင်
ဖြစ်တော့သည်။"

                                             #ငြိမ်းချမ်းပါစေ

မာန်

"ပညာဗဟုသုတရှိနေရုံမျှဖြင့် တကယ့် မင်္ဂလာ
မဖြစ် သိသည့်အတိုင်းကျင့်သူ၌သာ မင်္ဂလာဖြစ်
သည်။ ကပိလရဟန်းသည် ပိဋကတ်သုံးပုံဆောင်
စာချဆရာကြီးဖြစ်၏။ မိမိပညာကြောင့် အခြွေအ
ရံများခြင်း လာဘ်လာဘပေါများခြင်းကို
အကြောင်းပြု၍ မာန်တက်ခဲ့ရာ တရားကိုမတရား
မတရားကို တရား အမှားမှားအယွင်းယွင်း ပြော
ဆိုပြုမူခဲ့ခြင်းကြောင့် မိမိပညာ ဗဟုသုတများမှာ
ကောင်းကျိုးအတွက်မဖြစ်တော့ပဲ အဝီစိငရဲ
ရောက်ဖို့အတွက်သာ ဖြစ်ရတော့သည်။"

                               
                                  #ငြိမ်းချမ်းပါစေ

"ကောင်းကျိုးပေးမည်သေချာ၏"

"ကောင်းကျိုးပေးမည်သေချာ၏"

"လူနပ်လူလည် လူတွယ်ကျယ်တို့
  ရယ်ရွှင်မြူးဆဲ ကာလထဲတွင်
   ဆင်းရဲတွင်းနက် ဝမ်းရေးခက်၍
   လျှာမြက်ပေါက်ချင်ပေါက်ပါစေ"

"သရုပ်သဏ္ဍာန် မဟုတ်မခံ
  ဟန်ဆောင်မိတ်ကပ် မလိမ်းတတ်သူ
  စင်စစ်လူကို ငြူစူမုန်းလည်းမုန်းပါစေ"

"မုသာဝါဒ လူ့ရွာဝါဒ
  သုံးမှအစဉ် ပြုံးကြအမြင်
  ရင်တွင်းသဘော မှန်တာပြောလို့
  ရန်တကာပေါလည်း ပေါပါစေ"

"အမြဲသတိရ ဇွဲဝီရိယ
  မြတ်သီလဖြင့်
  ကိုယ်ကျင့်အားကိုး လူတောတိုးလျှင်
  ကောင်းကျိုးပေးမည်သေချာ၏။"

                       မူရင်း-ရဲမြင့်နောင်
                   
                             
                                #ငြိမ်းချမ်းပါစေ

လူခပ်သိမ်းတို့၏မျက်စိ

"ယုံမှားသံသယကို ပယ်ဖျောက်တတ် မျက်ကွယ်
  ဖြစ်သော အကျိုးစီးပွါးကို ပြတတ်သော ကျမ်းဂန်
မှာ လူခပ်သိမ်းတို့၏ မျက်စိသဖွယ်ဖြစ်ရာ ကျမ်း
ဂန်မျက်စိမရှိသူမှာ အကန်းသာတည်း။"

"စာပေကျမ်းဂန်များမှ မျက်မှောက်အကျိုး တမ
  လွန်အကျိုး အမျိုးမျိုးကိုသိရသည်ဖြစ်ရာ စာပေ
  တတ်ခြင်းဖြင့် လောကရေး ဓမ္မရေး၌ နည်းမှန်
  လမ်းမှန်သို့ လိုက်ကာ ဘေးကင်း ရန်ကင်းချမ်း
သာခြင်းသို့ ရောက်ကြရ၏။"

"စာမတတ်သူမှာ စမ်းတဝါးဝါး အရမ်းသွားရသလို
  ဖြစ်ကာ မှားတစ်လှဲ့မှန်တစ်ခါဖြစ်ကာ နစ်နာ
  တတ်၏။"

                                  
                                     #ငြိမ်းချမ်းပါစေ

အလုံးစုံသောဥစ္စာတို့တွင်

"အလုံးစုံသောဥစ္စာတို့တွင် ပညာတည်းဟူသော
  ဥစ္စာသာအမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်
  ဆိုသော် လူလည်းမခိုးနိုင် အဖိုးလည်းမဖြတ်နိုင်
  ပေးလို့ သုံးလို့လည်းမကုန်နိုင်သောကြောင့်
  တည်း။"

"ရုပ်ဆင်းတင့်တယ် နုနယ်ပျိုမြစ် အမျိုးကောင်း
သူဖြစ်စေ ပညာမတတ်မူ ရနံ့ကင်း၍ ညံ့ဖျင်း
သော ပေါက်ပန်းသဖွယ် မတင့်တယ်။"

"ဆရာတို့ထံ နည်းမခံ ကျမ်းဂန်မသင်ကြား မ
  မတတ်မြောက်သူမှာ ဟင်္သာများအလယ် မတင့်
  တယ်။"

                             #ငြိမ်းချမ်းပါစေ

ပညာ

"စာအုပ်ထဲမှာရှိသောပညာ သူတစ်ကာလက်ထဲ
မှာရှိသောဥစ္စာတို့ကား ပညာလည်မဟုတ် ဥစ္စာ
လည်းမမည်။"

"မည်သည့်စာပေမဆို ကျေပွန်နိုင်နင်းအောင်
လေ့လာသင်ယူသင့်သည်။ ထိုသို့မဟုတ်ပဲ တော်
သလို လျော်သလို လေ့လာထားလျှင် အကျိုးမ
သက်ရောက်တတ် ကျမ်းဂန်အဆိုမရောက်တတ်
ခြင်း လွန်သွားခြင်း စသောအကျိုးမဲ့ပင်ဖြစ်တတ်
သေး၏။"

"ပညာဆည်းပူးရာ၌ ရည်ရွယ်ချက်ကောင်းရ
သည် သူတပါးကို ဖိနှိပ်တိုက်ခိုက်ဖို့ မော်ကြွားဖို့
စသော မကောင်းသောစိတ်ထားဖြင့်သင်သော
ပညာကြောင့် ကောင်းကျိုးမရောက် ငရဲသာ
ရောက်ဖို့ရာသာတည်း။"

                                   
                                    #ငြိမ်းချမ်းပါစေ

စိတ်ထား

"သူတပါးကို ညှဉ်းဆဲကြောင်း သတ်ဖြတ်ကြောင်း
အကုသိုလ်မကင်းသော အတတ်မျိုးကား မင်္ဂလာ
မဖြစ် အမင်္ဂလာသာတည်း။"

"မည်သည့်အတတ်ပညာပင် ရှိသည်ဖြစ်စေ စိတ်
ထားကောင်းမှု မကောင်းမှုသည် အရေးကြီး၏။
စိတ်ထားကောင်းသူ၏ အတတ်ပညာမှာ မိမိသူ
တစ်ပါး နှစ်ဦးသားအတွက် အကျိုးရှိစေ၍ စိတ်
ထားမကောင်းသူ၏ အတတ်ပညာမှာ တစ်ပါးသူ
တို့အား ထိခိုက်စေ ဆင်းရဲစေတတ်၏။"

"ဥပမာ-ဆရာဝန်ပညာအတတ်မှာ မွန်မြတ်လှ
သည်။ သို့သော် ဆရာဝန်က စိတ်ထားမကောင်း
လျှင် လူနာအများ ဆင်းရဲရသည်သာ ထိုအခါ
မိမိမှာလည်း အကျိုးပျက်ရတတ်သည်။"

                                  
                                      #ငြိမ်းချမ်းပါစေ

"facebook ပေါ်မှ ရသော အတွေ့အကြုံများ"

"facebook ပေါ်မှ ရသော အတွေ့အကြုံများ"

            မြတ်ဗုဒ္ဓဟောကြား ဓမ္မဆိုင်ရာစာပေ
များရေးသားသောအခါ…………
အချို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်လျက်…………

(၁)ခနိုးခနဲ့ comment ပေးခြင်း။
(၂)ဘုရားအဟောကိုပင် စောဒကတက်လိုကြ
      ခြင်း။
(၃)မိမိအယူအဆ အစွဲကိုလက်ကိုင်ထားလျက်
      ငြင်းခုန်ကြခြင်း။
(၄)ဆရာကြီး လူတတ်ကြီးလုပ်လိုခြင်း။
(၅)မိမိစွဲကိုင်သောအယူဝါဒကို တရားသေထား
      လျက် ဖိနှိပ် ရှုံ့ချလိုခြင်း။
(၆)မိမိနှင့်အမြင်ချင်း မတူသောအခါ ကပ်သပ်၍
      ပြောတတ်ခြင်း ကဲ့ရဲ့စကားဆိုခြင်း။
(၇)ပုဂ္ဂိုလ်စွဲ ဝါဒစွဲ ဂိုဏ်းဂဏစွဲ များခြင်း။
(၈)တစ်လောကလုံး အကျိုးအတွက် ဘုရားရှင်
      ဟောကြားတော်မူသော တရားဒေသနာ
      တော်များကို မိမိရေးသဖြင့် မိမိပိုင်သည်ဟု
      သီချင်း ရုပ်ရှင် ဗွီဒီယိုလုပ်ငန်းများကဲ့သို့ မူပိုင်
      လုပ်လိုကြခြင်း။
(၉)ဘုရားဟော ကျမ်းစာများကိုပြည့်စုံလုံလောက်
      စွာ မလေ့လာ မဆည်းပူးပဲ အလျှင်စလို
       ဝေဖန်တတ်ခြင်း။
(၁၀)အချို့သောအမေးပုစ္ဆာများဖြင့် ဝါဒဆိုင်ရာ
        ပြသနာရှာ၍ နှိပ်ကွပ်လိုခြင်း။
(၁၁)အဖြေကို သိလျက်နှင့်တမင်မေးကာ ပညာ
      စမ်းသလိုနှင့် တစ်ဖက်မှဖြေဆိုမနိုင်သည့်
       အခြေအနေကို စောင့်ကာ အဖြေကိုပြလျက်
       နှိပ်ကွပ်လိုခြင်း။
(၁၂)အာနာပါန သတိပဋ္ဌာန်ကိုပင် ရှုံ့ချလို
        ကြခြင်း။
(၁၃)စရဏ အလုပ်ကိုပင် အပြစ်တင်လိုကြခြင်း။
          
မှတ်ချက်-
          ဒါန သီလ ဘာဝနာ အခြေခံ စရဏအလုပ်
ကို များများအပြစ်တင်ရှုံ့ချကြပါက ကျောင်း
ရိပ်သာများတွင် နောင်အခါ ပစ္စည်းလေးပါး
ထောက်ပံ့လှုဒါန်းမည့်သူများရှားပါလာလျက်
သာသနာလည်း အားနည်းလိမ့်မည်။

(၁၅)မိမိသိသော ဥာဏ်အတိုင်းအတာကလေးမျှ
        ဖြင့် တစ်ပါးသူ၏ အသိဥာဏ်ပညာကိုဝေ
        ဖန်ပိုင်းခြားလိုခြင်း ယှဉ်ပြိုင်လိုခြင်း။
(၁၆)သိမြင်နားလည်သော တရားအရာပညာအ
         ရာတို့၌ မနာလိုဝန်တိုခြင်း။မစ္ဆရိယများခြင်း။
(၁၇)ဘုရားဟောတရားတော်ကိုပင် မိမိတရားဟု
         လုပ်ဇာတ်ခင်း ပြောဟောလိုခြင်း။(ကိုယ်
         တွေ့တရားကို မဆိုလို)
(၁၈)အချို့ မိမိကိုယ်မိမိ(သုတဗုဒ္ဓ)ဟူသော ပါဠိ
        တော်စာပေ အကိုးအကားအရ ဘဝင်မြင့်
         ပညာမာန်တက်ခြင်း ငါသိ ငါတတ်
         လုပ်ခြင်း။

                  စသောအချက်များသည်ကား ဗုဒ္ဓ
ဘာသာနိုင်ငံများသို့ တစိမ့်စိမ့်ဝင်ရောက်လာနေ
သော ဘာသာခြားတို့အတွက် အားရကျေနပ်ဖွယ်
ရာ မဟာအခွင့်အရေးကြီးတစ်ရပ်ဖြစ်ကြောင်း
သတိပြုသင့်သည်။ ဗုဒ္ဓဘာသာဝင်များ စည်းလုံး
ညီညွတ်မှု ပြိုကွဲလေလေ ဘာသာခြားတို့ အယူ
ဝါဒများ အသိဥာဏ်အားနည်းနေသေးသော လူ
ငယ်များ၏ အသိစိတ်များအတွင်း ဝင်ရောက်ကိန်း
အောင်းလာမည်ကို စိုးရိမ်မိပါသည်။

"ထို့ကြောင့် ခေတ်လူငယ်လူရွယ်များ ဘာသာ
ရေးစိတ်ဓါတ်မပျက်စီးစေရန် သိ တတ် နားလည်
သောပုဂ္ဂိုလ်များမှ ပြုပြင်တည့်မတ်ပေးရန်ဖြစ်
သည်။"

                 ဤစာဖြင့် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာ
သာနိုင်ငံများ တစ်သားတည်းဖြစ်လျက် ညီညွတ်
ပါစေကြောင်း ဆန္ဒပြုတိုက်တွန်းပါ၏။

                    ယနေ့ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ
နိုင်ငံများမှာ အနည်းငယ်သာကျန်ရှိတော့သည်
ကို သတိပြုကြစေလိုပါသည်။ တစ်ချိန်က ဗုဒ္ဓ
သာသနာထွန်းကားခဲ့သော တိုင်းပြည်များမှာ
လည်း စေတီဟောင်း ပုထိုးဟောင်းများသာကျန်
ရှိလျက် ဗုဒ္ဓသာသနာလည်း ကွယ်ပျောက်ခဲ့ပြီ
ဖြစ်သည်။

                 သို့ဖြစ်ပါ၍ အနာဂါတ်သာသနာတော်
အတွက် ဝိုင်းဝန်းညီညာလျက် စောင့်ရှောက်
တော်မူနိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါ
သတည်း။

                                  ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု
                                      #ငြိမ်းချမ်းပါစေ

ကောင်းသောစကား

"အချင်းချင်းမတည့်အောင်ရန်တိုက်ပေး
သော (ပိသုဏဝါစာ)ကို မပြောဆိုပဲ  ကွဲပြားသူ
များ ညီညွတ်အောင် ညီညွတ်နေသူများ ပိုမိုညီ
ညွတ်အောင် (သုဘာသိတ)ကောင်းသောစကား
ကိုဆိုရမည်။"

        "အနက်အဓိပ္ပါယ်ကင်းမဲ့သော(သမ္ဖပ္ပလာပ)
စကားအဖျင်းကိုမဆိုပဲ ရှောင်ရှားလျက် အဖြစ်အ
ပျက်အကြောင်းအရာမှန် သဘာဝအမှန်ကို ပြော
ဆိုခြင်းကား(ဓမ္မ)ဖြစ်သည်။"

        "ဆဲရေးမောင်းမဲ ကြိမ်းမောင်းခြင်း ကျိန်ဆဲ
ခြင်းစသော(ဖရုသဝါစာ)ကြမ်းတမ်းသောစကား
ကို မဆိုပဲ ချစ်ဖွယ်သောစကား'(ပိယ)ကိုပြောဆို
ရမည်။"

          "လိမ်ပြောသောစကား(မုသာဝါဒ)ကိုမဆိုပဲ
အမှန်တိုင်းသာ(သစ္စာ)စကားကို ပြောရမည်။

       (သဂါထာဝဂ္ဂ-ဝင်္ဂီသ သံယုတ် သုဘာသိတ
သုတ်)

                           
                               #ငြိမ်းချမ်းပါစေ

စိတ်သဘောထား ကြီးမြတ်သူ

"နသော ဘိက္ခဝေ သတ္တော သုလဘရူပေါ'ယော န မာတာဘူတ ပုဗ္ဗော" စသော အနမတဂ္ဂ ဒေသ
နာတော်အရ ဤမျှရှည်လျားလှစွာ ကျင်လည်ခဲ့ရ
သော သံသရာတစ်ခွင်၌ အမိ အဘ ညီအစ်ကို
မောင်နှမစသည် မဖြစ်ဘူး မတော်စပ်ဘူးသူမရှိ
အားလုံးတော်စပ်ဘူးသည်ချည်းပင်။"
                                       (သံ-၁-၃၉၅)

"အယံ နိဇော ပရောဝါတိ ' ဂဏနာ လဟုစေတိနံ။ ဥဒါရစရိတာနံ တု'ဂတုဓေဝ ကုဋုမ္ဗကံ။(ဟိတောပဒေသ)

"ဤသူကား ကိုယ်နှင့်ရင်း၍ အတွင်းလူဖြစ်သည်
ဟု၎င်း ဤသူကတော့ ကိုယ်နဲ့မရင်း အပြင်လူဖြစ်
၍၎င်း စိတ်ထားပေါ့လျက် လေးနက်ခြင်းမရှိ သ
ဘောထားသေးသိမ်သူတို့၏ ကိုယ့်လူ သူလူနှစ်မူ
ထားလျက် တွက်ဆချက်များသည် ဖြစ်တတ်ကုန်
၏။ "

"စိတ်သဘောထား ကြီးမြတ်သူတို့အတွက်မှာ
ကမ္ဘာ့ဗွေခွင် မြေတပြင်လုံးသည် အိမ်ထောင်စု
တစ်ခုတည်း မိသားစုချည်းအနေ ဖြစ်ရပါပေသ
တည်း။"

                                    #ငြိမ်းချမ်းပါစေ

အမျက်ဖြေတရား

"သူတော်ကောင်းများသည် အဆုံးအမကို လိုလား
၍ ဆုံးမသူကိုအကျိုးပြုတတ်သော်လည်း လူမိုက်
များကား အဆုံးအမကို အကောင်းမထင် ဆုံးမသူ
ကိုပင် ရန်ပြုတတ်သေး၏။"

"အမျက်ဖြေတရားမှာ ဘုရင်ကိုဟောစဉ်က အခွန်
တစ်သိန်းထွက်သော ရွာကိုရသော်လည်း လူမိုက်
ကိုဟောသောအခါ ရန်ပြုခြင်းခံရ၏။"

"မြွေတို့အားနို့တိုက်ခြင်းမှာ အဆိပ်ပွါးရုံသာ လူ
မိုက်တို့အတွက် ညွန်ကြားဆုံးမချက်မှာ စိတ်ဆိုး
ဖို့ရာသာ ငြိမ်းဖို့ရာမဖြစ်နိုင်။"

                                     #ငြိမ်းချမ်းပါစေ

ဘုရားရှင်တို့မည်သည်

"ဘုရားရှင်တို့မည်သည် မမှန်'အကျိုးမရှိ'သူတစ်
ပါးမနှစ်သက်သောစကားကိုမပြော။ မမှန်'အကျိုး
မရှိမူ သူတစ်ပါးနှစ်သက်သော စကားကိုလည်း
မပြော။"

"မှန်ကားမှန်၏'အကျိုးမရှိ'သူတစ်ပါးမနှစ်သက်
သောစကားကိုမပြော။"

"မှန်လည်း မှန်၏' အကျိုးလည်းရှိ၏' သူတစ်ပါး
ကားမနှစ်သက်' ဤစကားကိုမူ အခါကိုကြည့်၍
ပြောသင့်သောအခါ ပြော၏။"

"မှန်၏'အကျိုးရှိ၏' သူတစ်ပါးနှစ်သက်၏' ဤ
စကားကိုကား ပြော၏။   အဘယ့်ကြောင့်နည်း
သတ္တဝါအများကို ငါဘုရားချစ်မြတ်နိုးသော
ကြောင့်" တည်း။

"ဤဒေသနာအရ မှန်ကန်လျက် အကျိုးလည်းရှိ
သူတကာနှစ်သက်သော စကားကို အခါခပ်သိမ်း
ပြော၍ 'မှန်ကန် အကျိုးရှိသော်လည်း သူမနှစ်
သက်သည်ဖြစ်စေ မိမိရင်သွေး၏ လည်ချောင်းမှ
သံဆူးခွကို သွေးသံရဲရဲ ဆွဲထုတ်ကယ်တင်ရ
သော ဥပမာတူစွာ ပြောသင့်သောအခါ ပြောရ
မည်ဆိုဆုံးမရမည်ဟု ဟောတော်မူပါ၏။"

                             
                                #ငြိမ်းချမ်းပါစေ

အထုံးအဖွဲ့ ဂန္ထမှန်သမျှတို့မှ လုံးဝကျွတ်လွတ်ရာ

"အထုံးအဖွဲ့ ဂန္ထမှန်သမျှတို့မှ လုံးဝကျွတ်လွတ်ရာ
ဖြစ်သော မြင်နိုင်ခဲ၍ နက်နဲဧကန် ဤနိဗ္ဗာန်ကို
ဝီရိယလျော့ ပေါ့ပေါ့ဆဆ အားထုတ်ကြ၍ ရနိုင်
ဖို့ရာမဖြစ်နိုင်ပါပေ။ ဇွဲအားသန်သူလူချွန်များသာ
ရာအမှန်ပြည်နိဗ္ဗာန်ကို ဇွဲမာန်ကိုလျော့ ပေါ့ပေါ့
တန်တန် သာမာစွမ်းအားမျိုးဖြင့် သိမ်မွေ့နက်နဲ
ခက်အခဲမို့ မလွဲစင်စစ် ရဖို့ရန်မဖြစ်နိုင်ပါပေ။"

"နိဗ္ဗာနဓါတ်ကား အလွန်ထူးခြားသော တရားမြတ်
ဖြစ်၏။ ထူးမြတ်ကောင်းမွန်သော နိဗ္ဗာနဓါတ်ကို
ရယူနိုင်ခွင့်ရှိသည်မှာ သာသနာတော်၏ ထူးခြား
သော ဂုဏ်တစ်ရပ်ပင်။ နိဗ္ဗာန်ရောက်ရန် လမ်း
မှန်အကျင့်ကောင်းလည်းရှိ၍ ကျင့်သည့်အတိုင်း
နိဗ္ဗာနဓါတ်သို့ ဆိုက်ရောက်နိုင်သည်ဆိုလျှင် သာ
သနာနှင့် ကြုံရသော ဤအခါမျိုးမှာ နိဗ္ဗာန်ရရေး၌
လေးလေးစားစား မကြိုးစားပဲ မရှိသင့်ပေ။ သို့
သော် အလွန်နက်နဲ ခက်ခဲသိမ်မွေ့ တရားဖြစ်၍
သာမန်ဇွဲလုံ့လဖြင့်ကား မရနိုင်ရာ လွန်စွာ ကြိုး
စားခြင်းဖြင့် နိဗ္ဗာနဓါတ်သို့ ဆိုက်ရောက်နိုင်ကြပါ
စေ။"

                         
                                 #ငြိမ်းချမ်းပါစေ

ဘုရားရှင်နှင့် နီးသူ ဝေးသူ

"သင်္ဃန်းစွန်းကိုကိုင်ကာ ဘုရားရှင်၏ခြေရာနင်း
ဘုရားရှင်နောက်မှ ထပ်ကြပ်မကွာ လိုက်နေ
သော်လည်းရာဂ' ဒေါသ' မကင်း သတိ' ပညာ' သမာဓိ မရှိသူဖြစ်လျှင် ထိုသူကား ဘုရားရှင်မှ
ဝေးကွာသူဖြစ်၍ ဘုရားရှင်သည်လည်း ထိုသူမှ
ဝေးကွာလျက်ရှိသည်သာ။"

"တရားဟူသည် မတရားမှု၏ ဆန့်ကြင်ဘက်ဖြစ်
ရာ တရားမမြင်သူမှာ ဘုရားရှင်ကို မြင်ရသူမ
ဟုတ်။ ယူဇနာတစ်ရာဝေးသော အရပ်မှာ နေသူ
ဖြစ်စေ ရာဂ' ဒေါသကင်း၍ သတိ'ပညာ'သမာဓိ
သူဖြစ်လျှင် ထိုသူကား ဘုရားရှင်နှင့်နီးသူဖြစ်၍
ဘုရားရှင်သည်လည်း ထိုသူနှင့်နီးလျက်သာ
တည်း။"
          (ဣတိဝုတ်'သံဃာဋိကဏ္ဏသုတ်-၂၅၆)

                            
                                  #ငြိမ်းချမ်းပါစေ

"ဝိဇ္ဇာစရဏ သမ္ပန္နော"

"ဝိဇ္ဇာစရဏ သမ္ပန္နော"

         "ဝိဇ္ဇာဟူသည် ဥာဏ်ပညာ အလင်းတည်း။
ဘုရားရှင်သည် ဘုရားဖြစ်မည့်နေ့ ညဥ့်ဦးယာမ်
၌ ပုဗ္ဗေနိဝါသဥာဏ်ကို ရတော်မူ၏။ ဤဥာဏ်ဖြင့်
ရှေးအတိတ်ဘဝက ဖြစ်ခဲ့ဖူးသော ခန္ဓာပေါင်းများ
စွာတို့ကို သိတော်မူ၏။ သန်းခေါင်ယာမ်၌ ဒိဗ္ဗစ
က္ခု ဥာဏ်တော်ကိုရတော်မူ၍ ဤဥာဏ်ဖြင့် အ
ဝေးက အာရုံ သေးငယ်သောအာရုံ သတ္တဝါအစုံ
စသည်တို့ကို သိတော်မူ၏။ မိုးသောက်ယာမ်၌
အာသဝက္ခယဥာဏ်တော်ကိုရတော်မူပြီး ဤ
ဥာဏ်ဖြင့် အလုံးစုံသောကိလေသာတို့ကို ပယ်
သတ်တော်မူခဲ့သည်။"

"ဝိဇ္ဇာသုံးပါး"

(၁) ပုဗ္ဗေနိဝါသာနုဿတိဥာဏ်=ရှေးရှေးဘဝတို့         ၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဥာဏ်။

(၂) ဒိဗ္ဗစက္ခုဥာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဥာဏ်။

(၃) အာသဝက္ခယဥာဏ်=ကိလေသာ အာသေဝေါတို့ကို ကုန်ခန်းစေသော ဥာဏ်။

" ဝိဇ္ဇာရှစ်ပါး"

(၁) ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။

(၂) ဒိဗ္ဗစက္ခုဥာဏ်။

(၃) အာသဝက္ခယဥာဏ်။

(၄) ဝိပဿနာဥာဏ်=ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဥာဏ်။

(၅)စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကိုသိ
သောဥာဏ်။

(၆) မနောမယိဒ္ဓိဥာဏ်=မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဥာဏ်။

(၇) ဒိဗ္ဗသောတဥာဏ် =အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဥာဏ်။

(၈) ဣဒ္ဓိဝိဓဥာဏ်=တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဥာဏ်။

" စရဏတရားတစ်ဆယ့်ငါးပါး"

(၁) သီလ=ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ပါတိမောက္ခသီလစသည်များ။

(၂) ဣန္ဒြိယသံဝရ=မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါးနှင့်စပ်၍ ကိလေသာမဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း။

(၃) ဘောဇနေ မတ္တညုတာ=ချင့်ချိန်၍ စားသောက်ခြင်း။

(၄)ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားရှိမှု သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း။

(၅) သဒ္ဓါ =ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု။

(၆) သတိ=ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း။

(၇)ဟိရီ=မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

(၈) သြသတ္တပ္ပ=မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။

(၉) ဝီရိယ=ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း။

(၁၀) သုတ=အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ။

(၁၁) ပညာ=အသိ၊ အလိမ္မာ၊အတတ်ပညာ။

(၁၂) ပထမဈာန်။

(၁၃) ဒုတိယဈာန်။

(၁၄) တတိယဈာန်။

(၁၅) စတုတ္ထဈာန်။

           "အရိယာအရှင်မြတ်တို့သည်ကား ပဋိပတ်
နှင့်ကင်းလျက် မဂ်ဖိုလ်ရသည်မဟုတ်။သီလ
သမာဓိ ပညာ သိက္ခာအကျင့်များဖြင့် မဂ်ဖိုလ်ရသ
ကဲ့သို့ ဘုရားရှင်လည်း အကျင့်ပဋိပတ်ဖြင့် ဆိုခဲ့
ပြီးသော ဝိဇ္ဇာဥာဏ်ကို ရတော်မူခဲ့ရာ ထိုအကျင့်
များကို စရဏ=မဂ်ရောက်ကြောင်း နိဗ္ဗာန်ရောက်
ကြောင်းအကျင့် ဟုဘုရားရှင်ဟောတော်မူသည်။

           ဘုရားရှင်၏ ဝိဇ္ဇာဥာဏ်များက သဗ္ဗညုတ
ဥာဏ်ကို ပြည့်စုံအောင်ပြုပေးသည်။ မှန်၏ အာ
သဝက္ခယခေါ် အရဟတ္တမဂ်ဥာဏ်မရပဲ သဗ္ဗညု
တဥာဏ် မရနိုင်။ ထိုဥာဏ်ရမှ သဗ္ဗညုတဥာဏ်ရ
၍ ဝိဇ္ဇာကသဗ္ဗညုတဥာဏ်ကို ပြည့်စုံစေသည်ဟု
ဆိုရ၏။ ဤ၌ စရဏတရားများက မဟာကရုဏာ
ကို ပြည့်စုံစေသည်။

                 ဘုရားရှင်၏ စရဏတရားများ၌ ကရု
ဏာ ဘာဝနာ ဈာန်လည်းပါရာ ဘုရားအဖြစ်သို့
ရောက်တော်မူသောအခါ ဤစရဏတရားများ
အထွတ်အထိပ်သို့ ရောက်သကဲ့သို့ ကရုဏာ
လည်း မဟာကရုဏာ=အလွန်ကြီးမြတ်သောက
ရုဏာ အဖြစ်သို့ရောက်ရလေတော့၏။"

                          
                             #ငြိမ်းချမ်းပါစေ

"သုဂတော ဂုဏ်တော်"

"သုဂတော ဂုဏ်တော်"

      "သု=ကောင်းသောစကားကို။ဂတ=ဆိုတော်
မူသည်။ အပြစ်ရှိသောစကား အကျိုးမရှိသောစ
ကားကိုမဆို အပြစ်ကင်း၍ အကျိုးရှိသောစကား
ကိုမိန့်ဆိုတော်မူသည်။"

        သုဂတ ဂုဏ်တော်ရှင် မြတ်စွာဘုရားကား
"ဘုရားရှင်တို့မည်သည် မမှန်'အကျိုးမရှိ'သူတစ်
ပါးမနှစ်သက်သောစကားကိုမပြော။ မမှန်'အကျိုး
မရှိမူ သူတစ်ပါးနှစ်သက်သော စကားကိုလည်း
မပြော။"

"မှန်ကားမှန်၏'အကျိုးမရှိ'သူတစ်ပါးမနှစ်သက်
သောစကားကိုမပြော။"

"မှန်လည်း မှန်၏' အကျိုးလည်းရှိ၏' သူတစ်ပါး
ကားမနှစ်သက်' ဤစကားကိုမူ အခါကိုကြည့်၍
ပြောသင့်သောအခါ ပြော၏။"

"မှန်၏'အကျိုးရှိ၏' သူတစ်ပါးနှစ်သက်၏' ဤ
စကားကိုကား ပြော၏။   အဘယ့်ကြောင့်နည်း
သတ္တဝါအများကို ငါဘုရားချစ်မြတ်နိုးသော
ကြောင့်" တည်း။

"ဤဒေသနာအရ မှန်ကန်လျက် အကျိုးလည်းရှိ
သူတကာနှစ်သက်သော စကားကို အခါခပ်သိမ်း
ပြော၍ 'မှန်ကန် အကျိုးရှိသော်လည်း သူမနှစ်
သက်သည်ဖြစ်စေ မိမိရင်သွေး၏ လည်ချောင်းမှ
သံဆူးခွကို သွေးသံရဲရဲ ဆွဲထုတ်ကယ်တင်ရ
သော ဥပမာတူစွာ ပြောသင့်သောအခါ ပြောရ
မည်ဆိုဆုံးမရမည်ဟု ဟောတော်မူပါ၏။"
 
            "သု=ကောင်းသော နိဗ္ဗာန်သို့။ဂတ=ကြွ
တော်မူမူသော မြတ်စွာဘုရား။ ဘုရားမှတစ်ပါး
အခြားသာဝကများလည်း နိဗ္ဗာန်သို့ ရောက်ကြ၏။
သို့သော် ဘုရားရောက်ခြင်းက ပိုမိုပေါ်လွင်ထင်
ရှားလှ၏။ မှန်၏ ဘုရားရှင်ကား နိဗ္ဗာန်လမ်းကို
ရှေးဦးစွာတွေ့ရှိရ၍ ထိုလမ်းဖြင့် နိဗ္ဗာန်သို့ လက်
ဦးရောက်ခဲ့၏။ ထို့နောက်ဘုရားရှင်က ထိုလမ်း
ဖြင့် ရှေ့ဆောင်တွဲခေါ်ခဲ့၍ နိဗ္ဗာန်သို့ ရောက်ကြရ
သည်မှာ မနည်းလှပေ။"

               "ထို့ပြင် နိဗ္ဗာန်ရောက်ခြင်းတူသော်
လည်း နိဗ္ဗာန်ရောက်ပြီးနောက် ရအပ်သောဂုဏ်
အရာကား ကွာခြားလှ၏။ တစိတ်တစ်ဒေသ ဂုဏ်
တူရုံမျှဖြင့်  အတုလဂုဏ်ရှင်၏ သုဂတဂုဏ်အက်
ကိုလည်း သာသနာ၌ မည်သူတစ်ဦးတစ်ယောက်
မျှ မခံဝံ့ မခံရဲကြ ခံယူလျှင်လည်း အသိအမှတ်ပြု
နိုင်ကြမည် မဟုတ်ပေ။"

               "သု=ကောင်းစွာလားတော်မူသည်။
အာဂတ=လာတော်မူသည်။ ဘုရားဖြစ်တော်မူ
သည်အထိ ကောင်းစွာလာတော်မူခဲ့သည်ကိုဆို
လို၏။"

             "လောက၌ ရည်မှန်းရာသို့ အရောက်
သွားနိုင်သူကို အသွားအလာကောင်းသူဟုဆိုရ
သည်သာ။ လမ်းလွဲ လမ်းမှားလိုက်၍ လိုရာသို့
မရောက်က အသွားအလာကောင်းသူမဖြစ်နိုင်။
သံသရာကား လမ်းကောက် လမ်းမှားတွေ ပေါ
များသော ကန္တာရကြီးပင်။"

             "သာမန်ပုဂ္ဂိုလ်များမှာ မျက်မမြင် အကန်း
ကဲ့သို့ဖြစ်ရာ လမ်းမှားပေါသော ဤလောက၌
လမ်းကောင်းလိုက်မိသည်ထက် လမ်းကောက်
လမ်းမှားသာ အရောက်များရတော့သည်။"

             "လေးသင်္ချေကိုမဆိုထားဘိ တကမ္ဘ္ဘာအ
တွင်းမှာပင် လမ်းမှား၍ ငရဲကျ စုံးစုံးမြုပ်ရသော
ဘဝပေါင်းမှာ မနည်းလှ။ ဘုရားရှင်မှာ နိယတ
ဗျာဒိပ် ရသည့်အခါကစ၍ သဗ္ဗညုတပန်းတိုင်
ကြီးကို မျက်ခြေမပြတ်ခဲ့။ အမြဲတမ်းဦးတည်
မျှော်မှန်းခဲ့သည်။"

               "ထိုဥာဏ်တော်ကြီးအတွက် ပစ္စည်း
ဥစ္စာ ကိုယ်အင်္ဂါသာမက အသက်ပါစွန့်ရန် အဆင်
သင့် ဖြစ်နေခဲ့၏။ ထို့ကြောင့်ပင် သူတကာ မတွေး
ဝံ့ဖွယ် ထိတ်လန့်ဖွယ်ဖြစ်လောက်အောင် ပြောင်
မြောက်စွန့်စားကာ ပါရမီဆယ်ပါးကို အားရပါးရ
ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏။"

                 "ရည်မှန်းချက်ပန်းတိုင်ကြီးသို့ တသန်
တည်း စိတ်ရောကိုယ်ပါ ဦးတည်ထားသဖြင့် လမ်း
မှား လမ်းလွှဲမရောက် အစဉ်ဖြောင့်တန်းလျက်ရှိ
ခဲ့ပေသည်။ ထို့ကြောင့်ပင် ရည်မှန်းချက်မြောက်
သဗ္ဗညုတ ပန်းတိုင်သို့ ရောက်တော်မူရသည်။"

                "သုဂတ၏  ဤအနက်အရ ဗုဒ္ဓရှင်
တော်၏ ပါရမီအကြောင်း အလွန်ကောင်းခဲ့ပုံကို
၎င်း အကြောင်းကောင်း၍ အကျိုးမဟာဗောဓိ =
အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်၏ အလွန်
ထူးခြားပုံးကို၎င်း စေ့စပ်စွာအာရုံပြုမိသူတိုင်း
အားရမဆုံး ကြည်ညိုမဆုံးဖြစ်ရတော့သည်။"

                               #ငြိမ်းချမ်းပါစေ